လေးကေကော်ဒေသကို မြန်မာလေတပ်ဗုံးကြဲတိုက်ခိုက် ဒေသခံများ ထိုင်းဘက်ခြမ်းထွက်ပြေး

လေးကေကော်ဒေသကို မြန်မာလေတပ်ဗုံးကြဲတိုက်ခိုက် ဒေသခံများ ထိုင်းဘက်ခြမ်းထွက်ပြေး

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လေးကေ့ကော်ဒေသကို မြန်မာလေတပ်မှ ဒီဇင်ဘာ ၂၃ ည ၁၀ နာရီ ၁၅  မိနစ်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအချို့မှာ ထိုင်းဘက်ခြမ်းသို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကရင်အမျိုးသားမီဒီယာတွင် ဖော်ပြထားသည်။

စစ်တပ်မှ စတင်ပစ်ခတ်ချိန်အတွင်း ဖလူးနဲ့ မင်းလက်ပံမှ စစ်ဘေးရှောင် ဒုက္ခသည်များသည် ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားခဲ့ရာ ထိုင်းနယ်ခြားစောင့်တပ်က အစောပိုင်းတွင် ဝင်ခွင့်မပြုခဲ့သော်လည်း ညသန်းခေါင်ယံမတိုင်မီအချိန်တွင် ဝင်ခွင့်ပေးလိုက်ကြောင်း သိရသည်။

စစ်တပ်မှ ဗုံးကြဲလေယဉ်ပျံဖြင့် လေးကေကော်ဒေသကို ဗုံး (၂ )လုံးလာကြဲခဲ့ပြီး ယင်းအပြင်  လက်နက်ကြီးအချက်ပေါင်းများစွာဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ကရင်အမျိုးသားမီဒီယာတွင် ဖော်ပြထားသည်။

လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီမှ အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံ သတ်မှတ်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၂၀ က တောင်းဆိုထားသည်။

ယင်းအပြင် ၎င်းတို့၏ ကျဆင်းနေသည့် ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ မြန်မာတပ်ဖွဲ့များ ပြန်လည် ရုတ်သိမ်းသွားရန် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

လေးကေ့ကော်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ဒီဇင်ဘာ  ၂၃ရက် ညပိုင်းတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် KNLA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...