ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ အသက် ၁၈နှစ်အထက်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး

ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ အသက် ၁၈နှစ်အထက်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး

ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁) မှာ အသက် ၁၈ နှစ်အထက်ရှိတဲ့ စခန်းနေပြည်သူလူထု လူဦးရေ ၅ထောင်ကျော်ကို ထိုးနှံပေးလျက်ရှိတယ်လို့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး နော်ခူဖော က ပြောပါတယ်။

“ဆေးကတော့ ဆိုင်နိုဖန်း(Sinopharm) လို့ခေါ်တယ်ပေါ့နော ဒီစခန်းနေ လူထုအတွက်ဆိုလို့ရှိရင်တော့ ဒါကပထမဆုံးအကြိမ်ပေါ့နော ၁၈ နှစ်အထက်ကိုပေါ့နော စပြီးထိုးတယ် ၁၈ နှစ်အထက် စခန်းနေလူထုကိုပထမဆုံးအကြိမ်ထိုးတာပဲဖြစ်တယ်ပေါ့နော။ ဒါပေမယ့် ပြီးခဲ့တဲ့ လတွေမှာတော့ အသက် ၆၀ နှစ်အထက် နာတာရှည်ရောဂါသည်တွေကို ထိုးခဲ့တာရှိတယ် အဲ့ဒါကတော့ ဆိုင်နိုဗက်( Sinovac) ပေါ့ ဆိုင်နိုဖန်း (Sinopharm) တော့မဟုတ်ဘူး။ ဒီတစ်ခါကျတော့ ဆိုင်နိုဖန်း (Sinopharm) ပေါ့ လူထု ၁၈နှစ်အထက်ကို ထိုးပေးတာပေါ့နော ကာကွယ်ဆေး။” လို့ နော်ခူဖောက ပြောပါတယ်။

ဒုက္ခသည်စခန်းအတွင်းက အသက် ၆၀နှစ်အထက်၊ နာတာရှည်ရောဂါသည်တွေကို ပြီးခဲ့တဲ့လက ဆိုင်နိုဗက်(Sinovac) အမည်ရ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ပါတယ်။

ကာကွယ်ဆေးကို ထိုင်းကြက်ခြေနီအသင်းကနေ ဦးဆောင်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ လာရောက်ထိုးနှံပေးခြင်းဖြစ်ပါတယ်။

“အခု ဒီကာကွယ်ဆေးလာထိုးပေးတာက ထိုင်းကြက်ခြေနီပေါ့နော Thai Red Cross ပေါ့ သူတို့အစီအမံနဲ့ ဒါပေမယ့် သူတို့တွေ ဒီကာကွယ်ဆေးထိုးဖို့အတွက် ဒီအာဏာပိုင်တွေနဲ့ ကျမတို့ကျန်းမာရေးဆိုဒ်ထဲမှာဆိုလို့ရှိရင် NGO ထဲမှာဆိုရင် IRC က partnership ဖြစ်တဲ့အတွက် IRC နဲ့ ညှိနှိုင်းပြီးတော့မှ စခန်းလူထုကိုလာရောက်ထိုးပေးတာပေါ့နော ထိုင်းကြက်ခြေနီအဖွဲ့ကနေပြီးတော့ လာရောက်စီမံထိုးပေးတာပေါ့နော။” လို့ နော်ခူဖောက ပြောပါတယ်။

ဆိုင်နိုဖန်း(Sinopharm) အမည်ရ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခဲ့တာဖြစ်ပြီး ယခု ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးသူများမှာ ၄ပတ်ကြာလျှင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမှာဖြစ်ပါတယ်။

လက်ရှိ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁) ရှိ နေထိုင်သူဦးရေ ၈ထောင်ကျော်ရှိတဲ့အနက် ၁၈နှစ်အထက် ၅ထောင်ကျော်ကို ထိုးနှံပေးမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ရက်အတွင်း အပြီး လူဦးရေ မထိုးနိုင်ခဲ့သော်လည်း ဆက်လက်ထိုးနှံပေးသွားဖို့ စီစဉ်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

၁၈ နှစ်အောက်နဲ့ ၁၂ နှစ်အထက် အရွယ်ရှိသူကိုလည်း နောက်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပေးဖို့လည်း ရှိနေပါတယ်။

အခုလိုကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရလို့ အတိုင်းမသိ ကျေးဇူးတင်ရတယ်လို့ ဒုက္ခသည်စခန်းအမှတ်(၁)မှာနေထိုင်တဲ့ ထွားရယ်က ပြောပါတယ်။

၎င်းက “ကျနော်ဒီစခန်းထဲမှာ နေပြီး အခုလို ကာကွယ်ဆေးကိုထိုးခွင့်ရလို့ ကျနော့်တစ်ယောက်အနေနဲ့ စိတ်ထဲမှာ အရမ်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခုလို အခွင့်အရေးရဖို့ဆိုရင် မလွယ်လှပါဘူး။ အကယ်၍ ကျနော်တို့ တခြားနေရာမှာသွားနေလို့ရှိရင် အများကြီး ကုန်ကျခံရအုံးမယ်။ အခုလို ကျနော်တို့ ကာကွယ်ဆေးထိုးခွင့်ရလို့ လာထိုးပေးတဲ့ အလှူရှင်တွေကိုကော သက်ဆိုင်ရာကိုကော အရမ်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ (UN)ကနေ အသိအမှတ်ပြုထားခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိနေတဲ့ စခန်းဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်းဘက်မှာလည်း လူဦးရေ ၄၀၀ ကျော်ကို ပထမအကြိမ် ထိုးနှံခဲ့ပြီးဖြစ်ပါတယ်။

ယခု စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် နယ်စပ်ဘက် ထပ်မံထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်တွေကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ ကရင်နီကျန်းမာရေးဌာနမှ ဦးဆောင်ပြီး ဆောင်ရွက်ပေးနေတာရှိတယ်လို့ကရင်နီကျန်းမာရေးဌာနကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက KNPP ထိန်းချုပ်နယ်မြေအတွင်းက ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရှိတဲ့ ၁၈နှစ်အထက် လူဦးရေ ၈ထောင်ကျော်ရှိတဲ့အနက် ဦးရေ ၂၅၀ကို ပထမဆုံးအကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်သလို ကိုဗစ်ကာကွယ်ဆေးရရှိတဲ့အပေါ်မူတည်ပြီး ဒီဇင်ဘာလအတွင်းမှာလည်း ဆက်လက်ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...