လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခံရတဲ့ရွှေပြည်အေးရွာသား (၁၉)ဦးထဲက ၂ ဦးသေဆုံး

လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခံရတဲ့ရွှေပြည်အေးရွာသား (၁၉)ဦးထဲက ၂ ဦးသေဆုံး

ပြီးခဲ့အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတဲ့ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား (၁၉)ဦးထဲက (၂)ဦးသေဆုံးသွားပြီဖြစ်တယ်လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

“သူတို့ဖက်မှာတော့ သတင်းပို့တာတွေ ဘာတွေ ဘားမသိရဘူး။ သေသွားပြီဆိုတဲ့ဟာလည်း အကြောင်းမကြားဘူး။ အဲ့တာ ကျနော်တို့ လူက ပြန်ပြောပြလာမှ ကျနော်တို့ သိရတာပေါ့နော။” လို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

သေဆုံးသွားသူနှစ်ဦးရဲ့ အလောင်းကိုပြန်ရတာတွေမရှိသလို ဘယ်အချိန်မှာ ဘယ်လိုသေဆုံးသွားခဲ့ရတယ်ဆိုတာလည်း တိတိကျကျမသိရဘူးလို့ ဆိုပါတယ်။

သေဆုံးသွားသူနှစ်ဦးမှာ အသက်(၆၇)နှစ် ဦးမောင်ယိုနဲ့ အသက်(၄၉) ဦးစိုးတင့် တို့ဖြစ်ကြပြီး ကျန်ရှိတဲ့ ၁၇ဦးကို တောင်ကြီးအမှတ်(၁)ရဲစခန်းမှာ ဖမ်းဆီးထားပြီး နိုင်ငံတော်ပုန်ကန်မှုဖြင့် အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

“သူတို့ရွာစောင့်အနေနဲ့ ကျန်ခဲ့ကုန်တာ။ ရွာစောင့်အနေနဲ့။ ကျန်ခဲ့တဲ့ အဖိုးအဖွားတွေကို စောင့်တယ်။ နောက် အခုသေသွားတဲ့ ဦးမောင်ယိုဆိုတဲ့တစ်ယောက်က နေမကောင်းဘူး ကျန်းမာရေးမကောင်းဘူး ရောဂါရှိတယ်။ လမ်းလျောက်လို့မရဘူး။ အဲ့တာကြောင့်သူကျန်ခဲ့တာ။သူများရှောင်တဲ့အချိန် အဲ့တာကို သူတို့ဖမ်းသွားတယ်။ သူတို့မှာ ဘာအပြစ်မှမရှိဘူး။ ရွာသားတွေကျဲကျဲပဲပေါ့နော။” လို့ ဖယ်ခုံဒေသခံက ပြောပါတယ်။

တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်ကြတဲ့ထဲ ရွှေပြည်အေးကျေးရွာမှာနေထိုင်ကြတဲ့ ဒေသခံ ၁၉ ဦးဟာ သက်ကြီးပိုင်းလည်းပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲရှိကြသူ၊ ရွာစောင့်အဖြစ် ကျန်ရစ်တဲ့သူတွေဖြစ်ကြပြီး စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးနေသလို ဒေသခံတွေကို မတရားဖမ်းဆီးတာ၊ စစ်ဆေးမေးမြန်းတာ၊ နေအိမ်မွှေနှောက်ရှာဖွေတာ ပြုလုပ်လျက်ရှိပြီး လက်ရှိမှာ ဒေသခံအများစုမှာလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...