မောင်တောမှ ရန်ကုန်သို့ တရားမဝင်သွားသူ ၇၇ ဦးကို တောင်ကုတ်တွင် ဖမ်းမိ

မောင်တောမှ ရန်ကုန်သို့ တရားမဝင်သွားသူ ၇၇ ဦးကို တောင်ကုတ်တွင် ဖမ်းမိ
တောင်ကုတ်မြို့နယ်၊ ဂွေးတောက်ရွာနှင့် မျောက်ငိုကွေ့ကြားတွင်ဖမ်းမိသူများအားတွေ့ရစဉ်။ Photo - ကိုမောင်ဌေးမြင့်
တောင်ကုတ်မြို့နယ်၊ ဂွေးတောက်ရွာနှင့် မျောက်ငိုကွေ့ကြားတွင်ဖမ်းမိသူများအားတွေ့ရစဉ်။ Photo - ကိုမောင်ဌေးမြင့်

ရခိုင်ပြည်နယ်တွင် မောင်တောမြို့နယ်မှ ရန်ကုန်သို့ တရားမဝင်သွားသည့် မူဆလင် ၇၇ ဦးကို ယနေ့ တောင်ကုတ်မြို့နယ်အတွင်း ဖမ်းမိခဲ့သည်ဟု သိရသည်။

၄င်းတို့ကို တောင်ကုတ်မြို့နယ်၊ ဂွေးတောက်ရွာနှင့် မျောက်ငိုကွေ့ကြားတွင် ယနေ့ ဒီဇင်ဘာ ၂၂ ရက် ညဉ့် ၂ ခန့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းအုပ်စုုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က နိရဥ္စရာကို အတည်ပြုပြောသည်။

“လက်ရှိမှာ သူတို့ကို တောင်ကုတ်ရဲစခန်းကိုခေါ်သွားပါပြီ”ဟု ပြောသည်။

၄င်းတို့သည် မောင်တောမြို့နယ်မှ ရန်ကုန်သို့သွားရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဦးဝင်းနိုင်က ဆက်ပြောသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅၃ ဦးနှင့် ကလေး ၇ ဦးတို့ ပါဝင်သည်ဟု သိရသည်။

တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကလည်း ယခုကိစ္စကို အတည်ပြုပြောဆိုသည်။

“ဖမ်းမိတာဟုတ်ပါတယ်။ အသေးစိတ်ကို နောက်မှပြန်ပြောပါမယ်”ဟုပြောသည်။

လက်ရှိတွင် ၄င်းတို့ကို တောင်ကုတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးဦးရေတို့ကို လောလောဆယ် မသိရသေးပါ။

ယခုနောက်ပိုင်း ရန်ကုန်မှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာသည့် မူဆလင်များကို ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဂွနှင့် တောင်ကုတ်မြို့နယ်များတွင် ရာနှင့်ချီ ဖမ်းဆီးရမိမှုများရှိလာနေသည်ဟု သိရသည်။

ယင်းအနက် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်က ဘင်္ဂလားပင်လယ်အော်အတွင်းဖမ်းမိခဲ့သည့် မူဆလင် ၂ဝဝ ကျော်အနက် ၁ဝ၉ ဦးကို လဝကဥပဒေပုဒ်မ ၁၃ (၁)ဖြင့် မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့သည်။

အသက် ၁ဝ နှစ်အောက်ကလေး ၃၅ ဦးကို မိဘအုပ်ထိန်းသူများထံသို့လွှဲပြောင်းခဲ့သလို ၁၁ နှစ်နှင့် ၁၈ နှစ်ကြား ကလေး ၉ဝ ဦးကို လဝကဥပဒေပုဒ်မ ၁၃ (၁)ဖြင့် မောင်တောမြို့နယ်တရားရုံးက ဆိုဆုံးမကာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...