ရန်ကုန်လေဆိပ်တွင် ဗုံးထောင်ပြီး ပြန်လာသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင် ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်လေဆိပ်တွင် ဗုံးထောင်ပြီး ပြန်လာသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင် ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်လေဆိပ်အနီး ဗုံးထောင်ပြီး ပြန်လာသည့် ပြောက်ကျားအဖွဲ့ဝင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်များက ပစ်ခတ်၍ ဒီဇင်ဘာ ၂၁ ရက် နံနက် ၇နာရီခွဲခန့်က သေဆုံးခဲ့သည်။

"ရန်ကုန်လေဆိပ်မှာ လူကြီးလမ်းကြောင်းကို သွားပြီးတိုက်ခိုက်တဲ့အချိန်မှာ ကျသွားတာဗျ။ တစ်ယောက်ထဲသွားချတာ ဟိုက လုံ ခြုံရေးတင်းကျပ်နေတာကိုသိသိရဲ့နဲ့ဗျာ၊ ကားနဲ့လိုက်ပစ်တာ ထိပြီး ကျသွားတယ်လို့သိရပါတယ်၊ ကျွန်တော်တို့လည်းထပ်တူပါပဲ။ ရဲဘော်တစ်ယောက်ကျသွားတာစိတ်ထဲမကောင်းဘူး။ အရမ်းနှမျောတယ်"ဟု နီးစပ်အသိုင်းအဝိုင်းကပြောသည်။

ဒီဇင်ဘာ ၂၁ရက်တွင် လူကြီးလမ်းကြောင်း ရှိသည်မှာ ဟုတ်မှန်သော်လည်း အသေးစိတ်ကို မသိရှိကြောင်း ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၁ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်လေဆိပ် အဝင်တွင် ဗုံးထောင်ပြီး ပြန်လာသည့် အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦး စီးလာသည့်ဆိုင်ကယ်ကို လေဆိပ်မီးပွိုင့်အနီး စစ်ကောင်စီတပ်သားများက တားဆီးခဲ့သည်။ ဆိုင်ကယ်က ရပ်မပေးသည့်အတွက် လိုက်လံပစ်ခတ်ခဲ့ပြီး ကိုးမိုင်မီးပွိုင့်အရောက် ကျည်ဆံမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးက ပြောသည်။

"၉မိုင် မီးပွိုင့်မှာ ဆိုင်ကယ် မောင်းပြေးတာကို ပစ်လိုက်တာ။ သူဟာသူ ဟွန်းကို အသားကုန်တီးပြီးမောင်းပြေးတာ အဲ့ဒါကိုပစ်သတ်လိုက်တယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်လေဆိပ်အနီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်း ကနဦး သတင်းများရရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...