စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ၃ ရက် ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွား ဟုဆို

စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ၃ ရက် ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွား ဟုဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ များအကြား သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိနေကြောင်း ချင်းကာကွယ်ရေးတပ် (CDF Mindat) အဖွဲ့ဝင် ယောမန်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားထားသည်။

ဒီဇင်ဘာလ၂၀ရက် မှ ၂၂ ရက် အထိ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီးဒီဇင်ဘာ ၂၀ရက် ရှစ်မွေး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး စနက်ပါသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းသိရသည်။

ဒီဇင်ဘာလ ၂၂ရက် နံနက်ပိုင်းက ဖြစ်ပွားသည့် ဝမ္မသူးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းပွင့်လျက်သေဆုံးကာ အခြားဒဏ်ရာရသူများရှိကြောင်း ၎င်းကရေးသားထားသည်။

CDF Mindat တပ်ဖွဲ့ဘက်မှ အောက်လာပန်း တိုက်ပွဲတွင် တစ်ဦးဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေမရှိ ကြောင်းသိရသည်။

လက်ရှိအချိန်တွင် အင်အား ၈၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝမ္မသူးရွာတွင် တပ်စွဲထားလျက်ရှိပြီး အင်အား ၇၀ ဝန်းကျင်ရှိသော နောက်ထပ်စစ်ကြောင်း တစ်ခုသည် အောက်လာပန်းရွာမှ လှိရုံးရွာသို့ ရောက်ရှိပြီး တပ်စွဲထားလျက်ရှိကြောင်း ဖော်ပြထားသည်။

လှိရုံးရွာနှင့် ဝမ္မသူးရွာသည် ရှစ်မိုင်ခန့်အကွာအဝေးရှိကြောင်း သိရသည်။

လှိရုံးရွာတိုက်ပွဲတွင် CDF Mindat နှင့်အတူ ယောPDF မှ ပူးပေါင်းတိုက်ပွဲဝင်လျက် ရှိကြောင်း ယောမန်မှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...