စစ်ကောင်စီက နေပြည်တော်ရှိ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးခန်းကို ဆက်ဖွင့်ခွင့်မပြု

စစ်ကောင်စီက နေပြည်တော်ရှိ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးခန်းကို ဆက်ဖွင့်ခွင့်မပြု

နေပြည်တော်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရုံးခန်းကို ဆက်ဖွင့်ခွင့် မပြုတော့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးက ဒီဇင်ဘာလ ၂ဝ ရက်တွင် ထုတ်ပြန်သည်။

ယင်းရုံးခန်းသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသရန် အရပ်သား အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် နေပြည်တော်၌ စတင်ဖွင့်လှစ်ခွင့် ပြုခဲ့သည့် ရုံးခန်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရနာ ဘာဂနာ၏ တာဝန်ပြီးဆုံးပြီ ဖြစ်သည့်အတွက် ၎င်းရုံးခန်းကို မြန်မာနိုင်ငံတွင် ဆက်လက်မထားရန် ဆုံးဖြတ်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကုလသမဂ္ဂကို ဒီဇင်ဘာလ ၂ဝ ရက်တွင် အကြောင်းကြားခဲ့သည်။

ရုံးဆက်ဖွင့်ခွင့် မပြုကြောင်း စစ်ကောင်စီ၏ အကြောင်းကြားမှုအပေါ် လက်ရှိအချိန်အထိ ကုလသမဂ္ဂက တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆွစ်ဇာလန်နိုင်ငံသူ မစ္စခရစ္စတင်းရှာရနာ ဘာဂနာ သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကုန်တွင် လုပ်ငန်းတာဝန် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် အဖြစ် စင်္ကာနိုင်ငံသူ မစ္စနိုလင်းဟေဇာကို ခန့်အပ်ကြောင်း ကုလသမဂ္ဂက အောက်တိုဘာလ ၂၅ ရက်တွင် ကြေညာထားသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...