ဒေါက်တာအေးဇံကို နောက်ထပ် ၃ မှုတိုးပြီးတရားထပ်စွဲ စုစုပေါင်းအမှု ၁၃ မှုတရားရင်ဆိုင်ရ

ဒေါက်တာအေးဇံကို နောက်ထပ် ၃ မှုတိုးပြီးတရားထပ်စွဲ စုစုပေါင်းအမှု ၁၃ မှုတရားရင်ဆိုင်ရ

ထောင်ဒဏ် ၂ နှစ် ချခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း နောက်ထပ် အမှု ၃ မှုထပ်တိုး၍  တရားစွဲဆိုထားသဖြင့်  ဖမ်းဆီးထိန်းသိမ်းထားသည့်အချိန်မှ လက်ရှိအချိန်အထိ အမှုပေါင်း ၁၃ မှု တရားရင်ဆိုင်နေရကြောင်း ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်ပါဝင်ပေးရန် တိုက်တွန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဒေါက်တာအေးဇံကို‌ ကျိုက်မရောထောင် အထူးတရားရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် ပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားပြီးဖြစ်သည်။

ထိုနောက် ရွေးကောက်ပွဲတွင် မလျော်ဩဇာ အသုံးပြုခြင်း၊ ရွေးကောက်ပွဲအတွင်း မသမာမှုပြုလုပ်ခဲ့ခြင်း ‌ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)၊ ပုဒ်မ ၁၇၁(စ) စွပ်စွဲချက်များဖြင့် ဒေါက်တာအေးဇံကို အမှုထပ်တိုး၍ တရားစွဲဆိုခြင်း ဖြစ်သည်ဟု သိရသည်။

နစကကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်း ဒေါက်တာအေးဇံကို အမူ ၉ မှုဖွင့်ထားပြီး တရားလိုပြသက်သေများကို စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

အလားတူ NLD အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် ထောင်ဒဏ် (၇၇) နှစ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင် ထောင်ဒဏ် (၁၁) နှစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ထောင်ဒဏ် (၄) နှစ်၊ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို ထောင်ဒဏ် (၂) နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် ထောင်ဒဏ် ၂ နှစ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု ထောင်ဒဏ် (၂) နှစ် အသီးသီးချမှတ်ခံထားရသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...