မွနိပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချ

မွနိပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရာဇသတ်ဥပဒေပုဒ်မ ၅၀၅(ခ) အမှုအတွက် အလုပ် နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင် နှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။

သို့ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၉ မှု ထပ်မံဖွင့်လှစ်ထားပြီး မည်သည့်နေ့ရက်တွင် အမိန့်ထပ်မံချမှတ်ဦးမည်ကို မသိရှိရသေးပေ။

"အခုက ၅၀၅ အမှုကို အရင် အမိန့်ချတာပေါ့။ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်လို့ သိရတယ်။ အခုတော့ ကျိုက်မရောထောင်မှာပဲ‌လို့ သိရတယ်"ဟု မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒေါက်တာအေးဇံကို အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် နိုင်ငံဝန်ထမ်းများ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းခဲ့သည်ဟုသော စွဲချက်ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ကျိုက်မရော အကျဉ်းထောင်အတွင်း ပြုလုပ်ထားသော အထူးတရားရုံး၌ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို  နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရနိုင်သည့် အစိုးရလျှို့ဝှက်ချက်များဥပဒေ ပုဒ်မ - ၃ (၁)(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံထားရပြီး သဘာဝဘေးစီမံဥပဒေ ပုဒ်မ - ၂၅ နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုများအတွက် ဒီဇင်ဘာ ၆ ရက်က ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထား၍ နစကကောင်စီက ၂ နှစ် ပြန်လည်လျှော့ပေးထားကြောင်း သိရသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...