ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂ခုအတွက် အမိန့်မချဘဲ ဒီဇင်ဘာ ၂၇ ရက်သို့ ရုံးချိန်းရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂ခုအတွက် အမိန့်မချဘဲ ဒီဇင်ဘာ ၂၇ ရက်သို့ ရုံးချိန်းရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မနှစ်ခုအတွက် ယနေ့ ဒီဇင်ဘာ ၂၀ရက်တွင် အမိန့်ချမည်ဖြစ်သောလည်း အမိန့်မချဘဲ ရုံချိန်းကို ဒီဇင်ဘာ ၂၇ရက်သို့ ရက်ရွှေ့ဆိုင်းလိုက်သည်။

ပို့ကုန် ၊ သွင်းကုန် ဥပဒေပုဒ်မ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ နှစ်ခုအတွက် ယနေ့ အမိန့်ချရမည်ဖြစ်သော်လည်း တရားသူကြီးက အကြောင်းပြချက်မရှိ ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

၎င်း ပုဒ်မ နှစ်ခုသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေစဉ် စကားပြောစက် (၁၀)လုံး နှင့် Jammer တစ်စုံ တွေ့ရှိသည်ဟု အကြောင်းပြကာ စွဲချက်တင်ခဲ့သည့် ပုဒ်မနှစ်ခုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးစီမံပုဒ်မနှင့် ပုဒ်မ ၅၀၅ (ခ) နှစ်မှုအတွက် ဒီဇင်ဘာ ၆ ရက်တွင် အမိန့်ချခဲ့ပြီး နောက်ပိုင်း ကြားနာမှုများတွင် အကျဉ်းသားဝတ်စုံဖြင့်သာ တရားခွင်ကို လာရောက်ကြောင်းလည်း သိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...