လေးကေ့ကော်မြို့သစ် နေရာ ၃ ခုတွင် တိုက်ပွဲပြင်းထန်

လေးကေ့ကော်မြို့သစ် နေရာ ၃ ခုတွင် တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်၊ မယ်ထော်တလေးနှင့် ပဲဟိကလော် စသည့် နေရာ သုံးခုတွင် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်က စတင်ပြီး နယ်မြေခံ KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည်ဟု တိုက်ပွဲအနီးတွင် ရှိနေသည့် မဇ္ဈိမ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်နေသည့် နေရာ သုံးခုကို အာဏာသိမ်းစစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

“အခု လေးကေ့ကော်၊ မယ်ထော်တလေး၊ ပဲဟိကလော်မှာ ပစ်နေကြတယ်။ ဒီဖက်က လက်နက်ကြီးသံတစ်ချက်၊ တစ်ချက် ကြားနေရတယ်။ ဗျူဟာကုန်းကနေ ပစ်တာ။ အဲဒီ သုံးနေရာပဲ ပစ်မှာ” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိပြင်းထန်နေသော တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရသေးပေ။

အဆိုပါ မယ်ထော်တလေး၊ ပဲဟိကလော်နှင့် လေးကေ့ကော်မြို့သစ် သုံးနေရာကို ယမန်နေ့ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်မှ ၁၂ နာရီဝန်းကျင်အထိ အာဏာသိမ်း စစ်ကောင်စီအမြောက်ကုန်းက လက်နက်ကြီးဖြင့် အချက်ပေါင်း ၂၀ ထက်မနည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် မြန်မာအစိုးရနှင့် KNU အကြား ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသော လေးကေ့ကော်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲသည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ခြောက်ရက်မြောက်ရှိနေပြီဖြစ်ကာ တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

တိုက်ပွဲကြောင့် မြန်မာဖက်ခြမ်းနှင့် ထိုင်းဖက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေရသူ စစ်ဘေးဒုက္ခသည် ၁၀၀၀၀ ဝန်းကျင်ရှိလာပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ခန့်မှန်းထားသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...