မွန်ပြည်နယ်တွင် အထက်တန်းပြ ဆရာ/မ ၇၀၀ ကျော် လိုအပ်ချက်ရှိ

မွန်ပြည်နယ်တွင် အထက်တန်းပြ ဆရာ/မ ၇၀၀ ကျော် လိုအပ်ချက်ရှိ

မွန်ပြည်နယ်ရှိ စာသင်ကျောင်းများတွင် အထက်တန်းပြဆရာ ဆရာ/မ ၇၀၀ ကျော် နှစ်စဥ်လိုအပ်နေကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

အထက်တန်းပြဆရာဆရာမအင်အင့းလိုအပ်ချက်မှာ CDM လုပ်သူများကြောင့်မဟုတ်ဘဲ နှစ်စဥ်လိုအပ်ချက်တစ်ခုဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစန်းအောင်က ဆိုသည်။

" CDM ကြောင့် မဟုတ်ပါဘူး။ နှစ်စဥ်လိုအပ်ချက်ပါ။ အရင်က ကျွန်တော်တို့ ဘီအီးဒီဘွဲ့ကို ကောလိပ် ၃ခုကနေပဲ ယူရတယ်။အခုမှာတော့ ပြည်ထောင်စုဝန်ကြီးရဲ့ အစီအစဥ်အသစ်မှာတော့ ဘီအီးဒီ စာပေးစာယူသင်တန်းတွေဖွင့်လှစ်ဖို့စီစဥ်နေပါတယ်။အဲဒီအတွက် လူ ၅၅၅ယောက်ရွေးထားပြီး မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှာတက်ရောက်ဖို့စီစဥ်ထားပါတယ်။နောက်တစ်သုတ်ရွေးသွားဖို့လည်းရှိပါတယ်"ဟု ၄င်းက ပြောသည်။

ဘီအီးဒီစာပေးစာယူမှ သင်တန်းဆင်းများကို အထက်တန်းပြအဖြစ်တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး လုပ်သက်အလိုက် တသုတ်စီ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လစဥ် ပင်စင်ယူသွားသည့်ဆရာဆရာမများရှိခြင်း၊ ရာထူးကိုလက်မခံခြင်း၊ ရာထူးတို့မလျှောက်ထားသူများရှိနေခြင်းကြောင့် အဆိုပါ ၅၅၅ ဦးလုံး အထက်တန်းပြအဖြစ် တာဝန်ထမ်းဆောင်နိုင်မည်မဟုတ်ပေ။

စစ်အာဏာသိမ်းပြီးစကာလတွင် CDM ပြုလုပ်ကြသည့်ဝန်ထမ်းများတွင် အခြေခံပညာသင်ကျောင်းများမှ ဆရာ/ဆရာမများ အများဆုံးတွေ့ရှိခဲ့ရသော်လည်း မေ ၃ ရက်နောက်ဆုံးထား၍ မပျက်မကွက် ရုံးပြန်တက်ကြရန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီ ၂၅ ရက် ရက်စွဲဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှ စာထုတ်ကာ ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...