မင်္ဂလာမန္တလေးအိမ်ရာ ငွေလွှဲလုပ်ငန်းမှ ငွေကျပ် သိန်း ၃,၀၀၀ ခန့် ကော်သေနတ်သုံး ဓားပြတိုက်

မင်္ဂလာမန္တလေးအိမ်ရာ ငွေလွှဲလုပ်ငန်းမှ ငွေကျပ် သိန်း ၃,၀၀၀ ခန့် ကော်သေနတ်သုံး ဓားပြတိုက်

မန္တလေးမြို့၊ မင်္ဂလာမန္တလေး အိမ်ရာဝင်းအတွင်းရှိ ငွေလွှဲလုပ်ငန်းတစ်ခုကို ဒီဇင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် သေနတ်များကိုင်ဆောင်ထားသည့် လူလေးဦးက ဝင်ရောက်ဓားပြတိုက်ပြီး ငွေကျပ်သိန်း ၃,၀၀၀ ခန့် ယူဆောင်သွားကြောင်း အဆိုပါ အိမ်ရာဝင်းအတွင်းနေသူထံမှ သိရသည်။

“အဲဒီအခန်းက ငွေလွှဲလုပ်ငန်းလုပ်တာဗျ။ အဲဒါကိုဝင်ဓားပြတိုက်သွားတာပါ။ ကျပ် သိန်း ၃,၀၀၀ ပါသွားတယ်လို့ ရဲအသိုက်အဝန်းကပြောတယ်။ ရဲစခန်းမှာ အမှုဖွင့်တော့ အဲဒီလိုဖွင့်တယ် ထင်တာပါ။ လူလေးယောက်က သေနတ်တစ်ယောက် တစ်လက်နဲ့ ဝင်တိုက်သွားတာပါ” ဟု မင်္ဂလာမန္တလေးအိမ်ရာတွင် နေသူတစ်ဦးက ပြောသည်။

ဓားပြတိုက်ခံရသည့် ငွေလွှဲလုပ်ငန်းရှိရာ ရုံးခန်းအနီးတွင် စစ်ကောင်စီလက်အောက်ခံ ရဲကင်းနှင့် အိမ်ရာလုံခြုံရေးဝန်ထမ်းများလည်းရှိပြီး၊ မင်္ဂလာမန္တလေး အိမ်ရာဝင်းနှင့် ကပ်လျက် အနောက်ဘက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းတွင် စစ်ကောင်စီလက်နက်ကိုင်များ တပ်ဆွဲထားကြသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္ဂလာ ၂ လမ်းနှင့် ၃ လမ်းကြား၊ တိုက်နံပါတ်(၃) အခန်းနံပါတ်(၃)နေ ဦးအားယုံ(ကိုယ်ရေးစိစစ်ဆဲ)၏ နေအိမ်တွင် ဝန်ထမ်း ၁၄ ဦးတို့က ရွှေလွယ်အင် ကုမ္ပဏီပိုင်ငွေများ ရေတွက်နေစဉ် 9C 4145 Toyota Estima အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် အမျိုးသားလေးဦး သေနတ်အရှည် လေး လက်ဖြင့်ရောက်ရှိလာပြီး၊ ခေါင်းတွေငုံ့ထားဟု ပြောဆိုကာ ၎င်းတို့ရေတွက်နေသည့်ကုမ္ပဏီပိုင် ငွေကျပ်သိန်း ၃,၀၀၀ ခန့်အား ဆာလာအိတ်များဖြင့်ထည့်၍ ယူဆောင်သွားကြောင်း နယ်မြေအပိုင် ရဲစခန်းနှင့် နီးစပ်သည့် အသိုက်အဝန်းထံမှသိရသည်။

နောက်ဆက်တွဲ ထွက်ပေါ်လာသည့် သတင်းတွင်မူ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ကော်သေနတ်၊ကားနှင့် ဓားပြတိုက်ယူခဲ့သည့် ငွေကျပ် သိန်း၃၀၀ကို မင်္ဂလာမန္တလေးအိမ်ရာအနီးရှိ အောင်မြင်သူ ကုမ္ပဏီပိုင်ခြံတစ်ခုအတွင်း တွေ့ရှိပြီဖြစ်ကြောင်း၊ ဓားပြများကိုင်ဆောင်သည့် သေနတ်များသည် ကော်သေနတ်များဖြစ်ကြောင်း၊ ပီနံအိတ်ဖြင့်ထုတ်ထားသော တစ်ထောင်တန်ငွေစက္ကူကျပ်သိန်း ၃၀၀ ရာနှင့်အတူ ယမန်နေ့ည ၈ နာရီ၀န်းကျင်ကဖမ်းမိခြင်း ဖြစ်ကြောင်း၊ ခြံစောင့်အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးနေကြောင်း စစ်အုပ်စုနှင့်နီးစပ်သည့်သတင်းများကဖော်ပြကြသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...