ဒဏ်ရာရ ခမရ (၅၆၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ထက်လင်းဇော်သေဆုံးပြီဟု KNU အတည်ပြု

ဒဏ်ရာရ ခမရ (၅၆၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ထက်လင်းဇော်သေဆုံးပြီဟု KNU အတည်ပြု
သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်သုံး လက်နက်အချို့ကိုတွေ့ရစဉ်။
သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်သုံး လက်နက်အချို့ကိုတွေ့ရစဉ်။

လေးကေ့ကော်မြို့တွင်းတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စနှိုက်ပါတပ်ဖွဲ့ဝင်မှ ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့သော ခမရ- ၅၆၀ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ထက်လင်းဇော်သေဆုံးပြီဟု KNU တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ ကျွန်တော်သိတာက ပေါင်မှာလည်းဒဏ်ရာရတယ်။ စနှိုက်ပါနဲ့ထိတယ်ပြောတယ်။ အဲ့တာ ညကပဲဆုံးသွားတယ်လို့ သတင်းရတယ် ” ဟု ၎င်းက ဒီဇင်ဘာ ၁၇ ရက်၊ နေ့လယ် ၁ နာရီ မိနစ် ၃၀ တွင် ဖြေကြားသည်။

ယခုသေဆုံးခဲ့သည့် တပ်ရင်းမှူးဆိုသူမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ လေးကေ့ကော်မြို့၊ အမှတ် (၆) ရပ်ကွက်တွင် CDM ဝန်ထမ်း ၁၆ ဦး၊ ဒီဇင်ဘာ ၁၅ ရက်တွင် လေးဦး စုစုပေါင်း ၂၀ ဦးကို ဦးဆောင်ဖမ်းဆီးခဲ့သူဟုလည်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့က နံနက် ၁၁ ဝန်းကျင်တွင်တစ်ကြိမ်၊ ညနေ ၅ နာရီခန့်တွင်တစ်ကြိမ် KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ(၂)နှင့် စစ်ကောင်စီတပ်တို့ လေးကေ့ကော်မြို့တွင် နှစ်ကြိမ်တိတိ ထိပ်တိုက်ပွဲဖြစ်ခဲ့သည်။

အဆိုပါတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်မှ လေးဦးသေဆုံးခဲ့သည့်အပြင် ယခုထပ်မံသေဆုံးခဲ့သော တပ်ရင်းမှူးအပါအဝင် လေးဦးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ကျန်ဒဏ်ရာရရှိသူတို့၏ အခြေအနေ၊ ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သားများ၏ အခြေအနေတို့ကိုမူ ၎င်းအနေဖြင့်အသေးစိတ်မသိသေးကြောင်းနှင့် ခမရ (၅၆၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ထက်လင်းဇော်သေဆုံးသည့် သတင်းသာ အတည်ပြု၍ရသေးကြောင်း KNU တာဝန်ရှိသူကဆိုသည်။

သို့သော် ယမန့်နေ့က ဖြစ်ပွားခဲ့သည့် မယ်ထော်တလေးနှင့် ပဟိကလော်ကျေးရွာကြား တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း အခြား KNLA သတင်းရင်းမြစ်ကအတည်ပြုသည်။

 ဒီဇင်ဘာ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းအထိ ကနဦးသတင်းများအရ မယ်ထော်တလေးနှင့် ပဟိကလော် ကျေးရွာကြား ယမန်နေ့ကဖြစ်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးနှင့် BGF တပ်ဖွဲ့ဝင် နှစ်ဦး စုစုပေါင်း ရှစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားကြောင်း သိရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...