မန္တလေးမြို့ ယာဉ်ထိန်းရဲကင်းပေါက်ကွဲမှုတွင် စွပ်စွဲဖမ်းဆီးခံရသူများ ယခုချိန်အထိ အဆက်အသွယ်မရသေး

မန္တလေးမြို့ ယာဉ်ထိန်းရဲကင်းပေါက်ကွဲမှုတွင် စွပ်စွဲဖမ်းဆီးခံရသူများ ယခုချိန်အထိ အဆက်အသွယ်မရသေး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းမီးပွိုင့်အနီးရှိ ယာဉ်ထိန်းရဲကင်း ပေါက်ကွဲမှုနှင့် ဆက်စပ်၍  ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ၏ စွပ်စွဲ ဖမ်းဆီးခြင်း ခံလိုက်ရသူများ ညနေပိုင်းအထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီကျော်တွင် သိပ္ပံလမ်း မီးပွိုင့်အနီးရှိ ယာဉ်ထိန်းရဲကင်း ပေါက်ကွဲမှု ဖြစ်ခဲ့အပြီး စစ်ကောင်စီလက်နက်ကိုင်များ အဆိုပါနေရာသို့ ရောက်ရှိလာကာ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဆိုင်ကယ် စီးလာသော လူငယ် ငါးဦးထက် မနည်း ရိုက်နှက် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

“ဘယ်ခေါ်သွားမှန်းလည်း မသိဘူး။ ဘယ်မှာ စုံစမ်းရမှန်းလည်းမသိဘူး။ မနက်ကတည်းက ဖမ်းခေါ်သွားတာ ခုထိကလေးက ပြန်မရောက်လာသေးဘူး။ သူ့ သူငယ်ချင်း ပြောတာတော့ ခေါင်းမှာလည်း ဒဏ်ရာရထားတယ်လို့ ပြောတယ်။ သူငယ်ချင်း နှစ်ယောက် အလုပ်အတူ သွားကြတာ။ ကျွန်မ ကလေးက ရိုက်နှက် ဖမ်းဆီးခံလိုက်ရတယ်” ဟု ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။

ပေါက်ကွဲမှုသည် ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်း ဖြစ်ပြီး အရပ်သားတစ်ဦး ဒဏ်ရာ ရရှိကာ စစ်ကောင်စီဘက်က ထိခိုက်မှု မရှိကြောင်းလည်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

“ပေါက်ကွဲပြီး ရဲတွေရော စစ်သားတွေရော အရပ်ဝတ် လက်နက်ကိုင်တွေရော ရောက်လာတယ်။  အဲဒီမှာ သူတို့က အသံဗုံးတွေ ထပ်ခွဲတယ်။ အဲဒီမှာ လူတွေက ကစဉ့်ကလျား ဖြစ်ကုန်ကျတော့ သူတို့က နီးရာလူကို ရိုက်တော့တာပဲ။ တချို့ ဒဏ်ရာတွေနဲ့ ကလေးတွေ ကားပေါ် ပစ်တင်ပြီး ခေါ်သွား ခံရတယ်” ဟု မျက်မြင် တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၌ ဆိုင်ကယ်စီး လူငယ်များကို အကြောင်းမဲ့ ရိုက်နှက် စစ်ဆေးခြင်းနှင့် ဖမ်းဆီးကာ ငွေညှစ်ခြင်းတို့ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...