လေးကေ့ကော်မြို့သစ်ကို စစ်တလင်းပြင်ဖြစ်အောင် မလုပ်ကြရန် နှစ်ဘက်စလုံးကို KNU တပ်မဟာ (၆) ဥက္ကဋ္ဌ မေတ္တာရပ်ခံ

လေးကေ့ကော်မြို့သစ်ကို စစ်တလင်းပြင်ဖြစ်အောင် မလုပ်ကြရန် နှစ်ဘက်စလုံးကို KNU တပ်မဟာ (၆) ဥက္ကဋ္ဌ မေတ္တာရပ်ခံ
တိုက်ပွဲကြောင့် တိမ်းရှောင်နေရသော ဒေသခံတချို့ကို တွေ့ရစဉ်
တိုက်ပွဲကြောင့် တိမ်းရှောင်နေရသော ဒေသခံတချို့ကို တွေ့ရစဉ်

မြဝတီမြို့တောင်ဘက်ရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ် လေးကေ့ကော်မြို့သစ်ကို စစ်တလင်းပြင်ဖြစ်အောင် မလုပ်ကြရန် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်များကို KNU တပ်မဟာ (၆) ဥက္ကဋ္ဌ ပဒိုရွှေမောင်းက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မေတ္တာရပ်ခံ လိုက်သည်။

လေးကေ့ကော် တိုက်ပွဲနှင့် ဆက်စပ်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်များကို KNU တပ်မဟာ (၆) ဥက္ကဋ္ဌ ပဒိုရွှေမောင်းက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် မေတ္တာရပ်ခံကြောင်းစာကို  ထုတ်ပြန်ခြင်း ဖြစ်သည်။

အဆိုပါ စာတွင်  “လက်နက်ကိုင်ဆောင်ထားသူများ၊ တပ်မတော်သားတို့ အားလုံး” ဟု ပါရှိပြီး ပြည်သူလူထု အကျိုးပြုသော ကာကွယ်စောင့်ရှောက်သူများ ပီသစွာ လက်နက်မဲ့ ပြည်သူများ အပေါ် စာနာသနား၊ ငဲ့ညှာသောအားဖြင့် ခိုကိုးရာမဲ့ ဖြစ်နေကြသော ပြည်သူလူထု၏ နေထိုင်ရာကို စစ်တလင်းပြင် မဖြစ်စေလိုကြောင်း ပြောထားသည်။

စစ်ပွဲလိုလားသူ၊ ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် အဖြေရှာလို ကြသူများ၏ ပြဿနာ ရှင်းလင်းခြင်းကြောင့် လေးကေ့ကော်မြို့သစ်လေး အကျဉ်းတန် အရုပ်ဆိုး အခြေအနေသို့ ဝမ်းနည်းဖွယ် တွေ့နေရပြီးဖြစ်သည် ဟုလည်း  ၎င်း၏ စာတွင် ပါရှိသည်။

လေးကေ့ကော် တိုက်ပွဲကြောင့် လက်ရှိ တိမ်းရှောင်နေရသော  စစ်ဘေးဒဏ်ရှောင် ပြည်သူများလည်း မိမိတို့၏ ခေါင်းဆောင်မှုအောက်၌ စုစည်းညီညွတ်စွာ စည်းကမ်းရှိရှိ တစ်ဦးကို တစ်ဦး အပြန်အလှန် ကူညီဖေးမ ပေးကြရန်လည်း ပဒိုရွှေမောင်းက မေတ္တာရပ်ခံထားသည်။

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ရှိ ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် တည်ထောင် ထားသော လေးကေ့ကော်မြို့သစ်တွင် လာရောက်ခိုလှုံ နေသူများကို အာဏာသိမ်း စစ်ကောင်စီတပ်က အင်အားသုံး ဝင်ရောက်ဖမ်းဆီးမှုကြောင့် ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့အကြား ယနေ့အထိ တိုက်ပွဲ ဖြစ်ပွားနေသည်။

တိုက်ပွဲကြောင့် လက်ရှိ စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရပြီး သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံလာသည့် စစ်ဘေးဒုက္ခသည် ဦးရေ ၁၀၀၀ ဝန်းကျင်ရှိကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။

Most read this week

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...