စံပြ ၆ မိုင်မှာ တိုက်ပွဲမိနစ်၂၀ခန့် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ

စံပြ ၆ မိုင်မှာ တိုက်ပွဲမိနစ်၂၀ခန့် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ဒီးမော့ဆိုမြို့နယ် စံပြ၆မိုင်အုပ်စု ဝမ်းလထွားကျေးရွာမှာ စစ်ကောင်စီနဲ့ KNDF ၊ KA တို့ ဒီဇင်ဘာလ ၁၆ရက်နေ့ မနက် ၁၀နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုတွေ ရှိနေတယ်လို့ KNDF B-09 က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဘာကြောင့်ဖြစ်တာလဲဆိုတာက ကျနော်တို့ ကျေးရွာနယ်မြေကို ကျူးကျော်လို့ ကျနော်တို့ ထိန်းချုပ်နယ်မြေကို ကျူးကျော်လို့ တိုက်ပွဲဖြစ်တာပေါ့နော။ နောက်ကျနော်တို့ဘက် ၂ယောက်ဒဏ်ရာနှစ်ယောက်ရသွားတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ နောက်သူတို့ ဘက်က ၄ယောက်ကျပြီး နှစ်ယောက်ဒဏ်ရာရသွားတယ်ပေါ့။ “ လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်သမ်းပစ်ခတ်နေတာတွေလည်း ရှိပါတယ်။

လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းမှာလည်း ဒီကနေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။

စံပြ၆မိုင်ကျေးရွာဟာဆိုရင် စစ်ကောင်စီနဲ့ KA ၊ KNDF တို့ ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပြီး ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...