မလေးရှားသို့ တရားမဝင်လှေဖြင့်သွားသူ ၂ဝဝ ကျော်အနက် အသက်မပြည့်သူ ကလေး ၉ဝ ဦးအား မောင်တောမြို့နယ်တရားရုံးက ပြန်လွှတ်

မလေးရှားသို့ တရားမဝင်လှေဖြင့်သွားသူ ၂ဝဝ ကျော်အနက် အသက်မပြည့်သူ ကလေး ၉ဝ ဦးအား မောင်တောမြို့နယ်တရားရုံးက ပြန်လွှတ်

မလေးရှားနိုင်ငံသို့တရားမဝင်လှေဖြင့် ခိုးသွားသူ ၂ဝဝ ကျော်အနက် အသက်မပြည့်သေးသည့် အသက် ၁၁ နှင့် ၁၈ နှစ်အကြား မူဆလင်ကလေး ၉ဝ ဦးကို မောင်တောမြို့နယ်တရားရုံးက ယနေ့ ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

၄င်းတို့ကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မောင်တောမြို့နယ်တရားရုံးက လဝကဥပဒေပုဒ်မ ၁၃ (၁)ဖြင့် စတင်တရားစွဲဆိုပြီးနောက် ပြန်လွှတ်ပေးရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အမှုလိုက်ရှေ့နေက နိရဥ္စရာကို ပြောသည်။

“သူတို့ကို ဒီနေ့ တရားစွဲတယ်။ တရားစွဲပြီးတော့သူတို့ကို အမိန့်တစ်ခါတည်း တန်းချတာပေါ့နော်။ တရားလိုနဲ့ တရားလိုပြသက်သေ နှစ်ယောက် သုံးယောက်စစ်တယ်။ ပြီးတော့ ကလေးအယောက် ၉ဝ ကို ဆိုဆုံးမပြီး လွှတ်လိုက်တာပေါ့”ဟု ပြောသည်။

ပြန်လွှတ်ပေးရန်အမိန့်ချမှတ်ခံခဲ့ရသည့်ကလေးများတွင် အသက် ၁၁ နှစ်မှ ၁၈ နှစ်ကြား ပါဝင်သည်ဟု သိရသည်။

“လက်ရှိမှာတော့ သူတို့ကို ကညင်ချောင်းနယ်မြေရဲစခန်းကခေါ်သွားပြီး အဲဒီကတဆင့် အုပ်ထိန်းသူတွေဆီ ပြန်ပို့ပေးမှာပေါ့”ဟု အမှုလိုက်ရှေ့နေက ပြောသည်။

အဆိုပါကလေးများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက် နံနက် ၆ နာရီခန့်က စစ်တွေမြို့နှင့် ရေမိုင် ၂ဝ အကွာရှိ ဘင်္ဂလားပင်လယ်အော်အတွင်း မလေးရှားနိုင်ငံသို့သွားရောက်သည့် တရားမဝင်မှောင်ခိုလှေ ၁ စီးနှင့်အတူ ဖမ်းမိခဲ့သူဖြစ်သည်။

ယင်းစက်လှေတွင် အဆိုပါကလေး ၉ဝ ဦးအပါအဝင် ဘူးသီးတောင်နှင့် မောင်တောဒေသမှ မူဆလင်ဦးရေ ၁ဝ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ မြန်မာအမျိုးသား ၅ ဦးနှင့် အသက် ၁ဝ နှစ်အောက် မူဆလင်ကလေးငယ် ၃၅ ဦးတို့လည်း ပါဝင်ခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရပြီးနောက် အသက် ၁ဝ နှစ်အောက်ကလေး ၃၅ ဦးကို မိဘအုပ်ထိန်းသူများထံသို့လွှဲပြောင်းခဲ့သည်။

ယင်းနောက် ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် မူဆလင်အမျိုးသား ၄၅ ဦး၊ မူဆလင်အမျိုးသမီး ၅၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး၊ မြန်မာအမျိုးသား ၅ ဦး၊ စုစုပေါင်း ၁ဝ၉ ဦးကို လဝကဥပဒေပုဒ်မ ၁၃ (၁)ဖြင့် မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့သည်။

၄င်းတို့အားလုံးကို မောင်တောမြို့မှ ဒုလဝကမှူး ဦးအာကာထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...