စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ဝင်တိုက်၊ စစ်သား ၄ ဦး သေဆုံး ဟုဆို

စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ဝင်တိုက်၊ စစ်သား ၄ ဦး သေဆုံး ဟုဆို

မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မင်္ဂလာဦးရပ်ကွက် စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား လေးဦး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ Seven People Defense Force မှ ဗိုလ်မူတူးက ပြောသည်။

“ညီနောင် မဟာမိတ် တပ်ဖွဲ့ လေးဖွဲ့ ပေါင်းပြီး စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်၊ အဲ့ဒီနောက် လက်နက်ငယ်နဲ့ ထပ်ပစ်တယ်၊ စစ်တပ်ကလည်း အထဲကနေ ပြန်ပစ်တယ်။ စစ်သားလေးဦးနဲ့ ပျူစောထီးတစ်ဦး သေတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

မြင်းခြံခရိုင် အခြေစိုက် 27 Revolution၊ Natogyi Regional PDF ၊ မြေလတ် PDF နှင့် Seven People Defense Force ညီနောင် မဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီဘက်က သေဆုံးသူများတွင် ပျူစောထီး ခေါင်းဆောင်ဆိုသူ အမျိုးသား တစ်ဦး ပါဝင်ပြီး အရာရှိတစ်ဦးလည်း  ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ဆိုသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...