စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသည့် ခင်ပွန်းသည်နှင့် ကိုယ်ဝန်သည်ဇနီးတို့သေဆုံး

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသည့် ခင်ပွန်းသည်နှင့် ကိုယ်ဝန်သည်ဇနီးတို့သေဆုံး

မန္တလေးမြို့တွင် ဆိုင်ကယ်ဖြင့် အလုပ်သွားသည့် ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီ လက်နက်ကိုင်များက ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ရာ ခင်ပွန်းနှင့် ကိုယ်ဝန်ဆောင်ဇနီးသည် နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဇနီးမောင်နှံသည် နေအိမ်မှ ပုဂ္ဂလိက ဆေးရုံတစ်ရုံသို့ သွားစဉ် ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း၊ ခုတင် ၃၀၀ ဆံ့ ဆေးရုံအနီးအရောက် ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“ဘာလို့ ပစ်တယ်တော့ အသေအချာမသိဘူး။ ပစ်တာတော့ ပစ်လိုက်တာပဲ။ သုံးလေး ငါးချက်လောက် ပစ်သံကြားလိုက်တယ်။ အဲဒီမှာ ဆိုင်ကယ်ပေါ်ကနေ နှစ်ယောက် ပြုတ်ကျတယ်။ အခု ကြားရတာတော့ နှစ်ယောက်စလုံး သေတယ်လို့ ကြားတယ်” ဟု အခင်းဖြစ်စဉ် မြင်တွေ့ လိုက်ရသူက ပြောသည်။

သေဆုံးသူ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ပုဂ္ဂလိက ဆေးရုံတစ်ရုံမှ သူနာပြုဝန်ထမ်း တစ်ဦး ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ဆိုသည်။

မန္တလေးမြို့တွင် ယမန်နေ့ ညဦးပိုင်းကလည်း ဆိုင်ကယ်ဖြင့် အလုပ်က ပြန်လာကြသည့် လူငယ်လေးဦးကို စစ်ကောင်စီ တပ်ဖွဲ့က ကျုံးဘေး ၂၆ လမ်းနှင့် ၇၈ လမ်းထောင့်တွင် သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းများတွင် စစ်ဆေးရန် တားဆီးသည်ကို ရပ်မပေး ခြင်းကြောင့် ပစ်ခတ်သည်ဟု ဆိုထားသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...