PDF သံသယဖြင့် တရားစွဲခံထားရသည့် လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုပုဒ်မဖြင့် စွဲချက်တင်

PDF သံသယဖြင့် တရားစွဲခံထားရသည့် လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုပုဒ်မဖြင့် စွဲချက်တင်

PDF သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ ကိုမင်းဒီပါကို ယနေ့ရုံးချိန်းတွင် အကြမ်းဖက်မှုပုဒ်မဖြင့် စွဲချက်တင်ခံလိုက်ရသည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးလင်းက နိရဥ္စရာသို့ပြောသည်။

“အကြမ်းဖက်မှုပုဒ်မ ၅၀(ည)နဲ့ပဲ စွဲချက်တင်တာပါ။ စွဲချက်လျှောက်လဲချက်ကြားနာပြီး စွဲချက်ချင်းတင်တာကတော့ ပုံမှန်ဆိုရင် မြန်တယ်လို့ ပြောရပါမယ်” ဟုပြောသည်။

အမှုကို လာမည့် ဒီဇင်ဘာလ ၁၆ ရက်အား ထပ်မံရုံးချိန်းလိုက်ပြီး ယင်းနေ့တွင် ပြန်ခေါ်သက်သေ ၂ ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်ကို PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် အောက်တိုဘာလ ၁၅ ရက်တွင် ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် သူ့ကို မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုလုပ်ကာ နိုဝင်ဘာလ ၁၂ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့်စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကိုမင်းဒီပါနှင့်အတူ ရခိုင်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်၊ ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်တို့ကိုလည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲထိန်းသိမ်းခံထားရကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...