စစ်တွေလေဆိပ်တွင် ကျည်ဆံတစ်တောင့်ပါလာသူတစ်ဦးနှင့် မှတ်ပုံတင်အတုတွေ့ရသူတစ်ဦးကို ရဲဖမ်းဆီး

စစ်တွေလေဆိပ်တွင် ကျည်ဆံတစ်တောင့်ပါလာသူတစ်ဦးနှင့် မှတ်ပုံတင်အတုတွေ့ရသူတစ်ဦးကို ရဲဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေလေဆိပ်တွင် ကျည်ဆံတစ်တောင့်ပါရှိလာသူ ၁ ဦးနှင့် မှတ်ပုံတင်အတုဖြင့် ရန်ကုန်သို့သွားမည့်သူ ၁ ဦးတို့အား ရဲကဖမ်းဆီးလိုက်ကြောင်း သိရသည်။

ကျည်ဆံဖြင့်ဖမ်းမိသူမှာ စစ်တွေမြို့နယ် သင်္ဂနက်ကျေးရွာမှ မောင်ထွန်းနိုင်(ခ)မောင်ပုချေ(၃၇ နှစ်) ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် စစ်တွေမှ ရန်ကုန်သို့လိုက်ပါရန်အတွက် X Ray စက်ကိုဖြတ်သန်စဥ် ၄င်း၏နက်ပြာရောင်ဘေးလွယ်အိတ်မှ ကျည်ဆံ ၁ တောင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်နေစဉ်သတင်းတွင်ဖော်ပြသည်။

ကျည်ဆံအမျိုးအစားကိုမူ ဖော်ပြထားခြင်းမရှိသော်လည်း ခဲယမ်းမီးကျောက်များအား လက်ဝယ်ကိုင်ဆောင်တွေ့ရှိမှုကြောင့် စစ်တွေမြို့မရဲစခန်းသို့ပို့ဆောင်ကာ ဥပဒေအရ အရေးယူ အမှုဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ စစ်တွေလေဆိပ်တွင် မှတ်ပုံတင်အတုဖြင့် ဖမ်းမိသူမှာ မင်းပြားမြို့နယ် သရက်ဆုပ်ကျေးရွာမှ မခင်ခင်သန်း(ခ)ချော်နှောင်း(၁၉ နှစ်) ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုဟုယူဆရသည့်အတွက် ဆက်လက်စစ်ဆေးဆောင်ရွက်နေသည်ဟုလည်း ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...