စစ်တွေလေဆိပ်တွင် ကျည်ဆံတစ်တောင့်ပါလာသူတစ်ဦးနှင့် မှတ်ပုံတင်အတုတွေ့ရသူတစ်ဦးကို ရဲဖမ်းဆီး

စစ်တွေလေဆိပ်တွင် ကျည်ဆံတစ်တောင့်ပါလာသူတစ်ဦးနှင့် မှတ်ပုံတင်အတုတွေ့ရသူတစ်ဦးကို ရဲဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေလေဆိပ်တွင် ကျည်ဆံတစ်တောင့်ပါရှိလာသူ ၁ ဦးနှင့် မှတ်ပုံတင်အတုဖြင့် ရန်ကုန်သို့သွားမည့်သူ ၁ ဦးတို့အား ရဲကဖမ်းဆီးလိုက်ကြောင်း သိရသည်။

ကျည်ဆံဖြင့်ဖမ်းမိသူမှာ စစ်တွေမြို့နယ် သင်္ဂနက်ကျေးရွာမှ မောင်ထွန်းနိုင်(ခ)မောင်ပုချေ(၃၇ နှစ်) ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် စစ်တွေမှ ရန်ကုန်သို့လိုက်ပါရန်အတွက် X Ray စက်ကိုဖြတ်သန်စဥ် ၄င်း၏နက်ပြာရောင်ဘေးလွယ်အိတ်မှ ကျည်ဆံ ၁ တောင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်နေစဉ်သတင်းတွင်ဖော်ပြသည်။

ကျည်ဆံအမျိုးအစားကိုမူ ဖော်ပြထားခြင်းမရှိသော်လည်း ခဲယမ်းမီးကျောက်များအား လက်ဝယ်ကိုင်ဆောင်တွေ့ရှိမှုကြောင့် စစ်တွေမြို့မရဲစခန်းသို့ပို့ဆောင်ကာ ဥပဒေအရ အရေးယူ အမှုဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ စစ်တွေလေဆိပ်တွင် မှတ်ပုံတင်အတုဖြင့် ဖမ်းမိသူမှာ မင်းပြားမြို့နယ် သရက်ဆုပ်ကျေးရွာမှ မခင်ခင်သန်း(ခ)ချော်နှောင်း(၁၉ နှစ်) ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုဟုယူဆရသည့်အတွက် ဆက်လက်စစ်ဆေးဆောင်ရွက်နေသည်ဟုလည်း ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...