နဂါးဖြူ ပြည်သူ့ကာကွယ်ရေး ဆေးတပ်သားများ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး

နဂါးဖြူ ပြည်သူ့ကာကွယ်ရေး ဆေးတပ်သားများ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး

နဂါးဖြူတပ်ရင်းရှိ ပြည်သူ့ကာကွယ်ရေး ဆေးတပ်သားများမှ နီးစပ်ရာ ကျေးရွာရှိ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း တပ်ရင်းဆေးမှူးထံမှ သိရသည်။

NUG တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နဂါးဖြူတပ်ရင်းရှိ ရဲဘော်များ၏ ကျန်းမာရေးအပြင် နီးစပ်ရာနေရာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် Mobile Medical Team ဖွဲ့ထားခြင်းဖြစ်ပြီး အဖွဲ့တွင် ဆေးတပ်သား ၁၀ ဦးကျော်ခန့်ရှိကြောင်း တပ်ရင်းဆေးမှူးက ပြောပြသည်။

" ပြည်သူနဲ့ ကျွန်တော်တို့က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့၊ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်တဲ့အခါ ပြည်သူတွေက ကျွန်တော်တို့ လိုတာတွေကို ခဲရာခဲဆစ်အကုန် ပို့ပေးတယ်၊ ပြည်သူတွေက ကျွန်တော်တို့အပေါ် တော်တော်စေတနာရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြင်းထန်တဲ့တိုက်ပွဲတွေ မရှိချိန် ဒီလိုမျိုး ပြည်သူတွေလိုအပ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်ပေးချင်တဲ့စိတ်နဲ့ Mobile Medical Team ကို လွန်ခဲ့တဲ့လက စပြီးဖွဲ့ခဲ့တာပါ" ဟု သူက ပြောသည်။

ခက်ခဲသည့်ဒေသရှိ ပြည်သူများ၏ ဒုက္ခများကို ယခုကာလမှ ပိုမိုသိရှိလာရကာ တတ်နိုင်သည့်ဘက်မှ ကူညီခြင်းဖြစ်ကြောင်းနှင့် ပြည်သူများ နေကောင်းကျန်းမာကာ စိတ်ချမ်းသာပါက ကျေနပ်ပြီဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။

"အရမ်းလှမ်းတဲ့နေရာက တချို့တော်တော်ချို့တဲ့ တဲ့သူတွေဆိုရင် ကျွန်တော်တို့ သွားလိုက်တော့ တချို့ဆို မျက်ရည်တွေပါကျတယ်။ ဒီလိုဝေးပြီး ဖွံ့ဖြိုးမှုမရှိတဲ့ ‌နေရာကို ကျွန်တော်တို့သွားတော့ ဒါသူတို့အတွက် ၁၀ နှစ် တစ်ခေါက်တောင် မရှိတဲ့ အဖြစ်မျိုးဆိုတော့ တချို့ဆို ဝမ်းသာမျက်ရည်တွေပါကျတယ်" ဟု တပ်ရင်းဆေးမှူးက ဒေသခံများ၏ အခြေအနေအား ပြန်ပြောပြသည်။

လက်ရှိတွင်လည်း တပ်ခွဲမှ ဆေးပညာ စိတ်ပါဝင်စားသည့် ရဲဘော်များအတွက် လိုအပ်သည့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးကာ ဆေးတပ်ဖွဲ့တွင် ပါဝင်နိုင်ရန်စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။

 

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...