အနီရောင်အဆင့် သတ်မှတ်ထားသည့် မဲဆောက် - မြဝတီ ချစ်ကြည်ရေး တံတားပိတ်ထားဆဲ

အနီရောင်အဆင့် သတ်မှတ်ထားသည့် မဲဆောက် - မြဝတီ ချစ်ကြည်ရေး တံတားပိတ်ထားဆဲ

COVID-19 ကူးစက် ရောဂါကြောင့် အနီရောင်အဆင့် သတ်မှတ်ထားသည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ်(၂) တံတားကို ထိုင်းနိုင်ငံဘက်မှ ပိတ်ထားဆဲဖြစ်ကြောင်း မြန်မာအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ထိုင်းနိုင်ငံ တခ်ခရိုင် မဲဆောက်မြို့နယ်နှင့် မြန်မာဘက်ခြမ်း မြဝတီမြို့သည် နှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်ကာ လက်ရှိ COVID-19 ကူးစက်ရောဂါကြောင့် ပိတ်ထားသလို မြန်မာဘက်ကလည်း နိုင်ငံရေး အခြေအနေကြောင့် ပိတ်ထားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဘန်ကောက်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘန်ကောက်သံရုံးမှ တာဝန်ရှိသူက"နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဂိတ်တွေကို အခုရက်ပိုင်း ပြန်ဖွင့်တာမျိုး မရှိသေးပါဘူး၊ လောလောဆယ်အထိ ပိတ်ထားဆဲ ဖြစ်တယ်" ဟု ပြောဆိုသည်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် (၂) တံတား ပြန်လည် ဖွင့်လှစ်နေပြီဟု မသမာသည့် လူကုန်ကူး သူများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် သတင်းများ လွှင့်တင်နေရာ ယင်းနယ်စပ်ဂိတ်သို့ မြန်မာ နိုင်ငံသား ခိုးဝင်သူများနှင့် ပြည်တော်ပြန်များသာ နေ့စဉ်နီးပါးရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး အထွေထွေဝန်ဆောင်မှုများကို ကူညီဆောင်ရွက် ပေးနေသည့် KTG Helping Hands General Services မှ တာဝန်ရှိသူက ပြောဆိုသည်။

"ဒါကတော့ ပွဲစားတွေက သတင်းတွေ အမျိုးမျိုး လွှင့်နေလို့ လူတွေလာနေကြတာပါ၊ နယ်စပ်ဂိတ်က အခုချိန်အထိ ပိတ်ထားဆဲပါ၊ အနီရောင်အဆင့် သတ်မှတ်ထားတာကိုလည်း ထိုင်းဖက်က မဖြုတ်သေးပါဘူး" ဟု ရွှေ့ပြာင်း အလုပ်သမားအရေး အထွေထွေ ဝန်ဆောင်မှုများကို ကူညီဆောင်ရွက် ပေးနေသည့် KTG Helping Hands General Services မှ Managing Director ကိုသားကြီးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြည်တော်ပြန် မြန်မာနိုင်ငံသားများကို ဦးရေ ၂၀၀ မှ ၅၀၀ အထိ တစ်ရက်ခြား ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ဝင်ခွင့်ပြုခဲ့သော်လည်း ဒီကနေ့ ၁၂ ရက်နေ့တွင် ပြည်တော်ပြန် ဝင်ခွင့်ပိတ်လိုက်ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘန်ကောက်သံရုံး တာဝန်ရှိသူက ပြောဆိုထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ တခ်ခရိုင် မဲဆောက် အမြဲတမ်း အတွင်းဝန် သဘာပတိအဖြစ် တက်ရောက် ဖွင့်လှစ်ခဲ့သည့် သောင်ရင်းမြစ် နယ်စပ်ဖြတ်ကျော် မဲဆောက်-မြဝတီ အမှတ် (၂) တံတားမှ တစ်ဆင့် နယ်စပ် ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် အဆောက်ဦသစ်ကို ဖွင့်လှစ်ခြင်းသာဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ် ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း ကိုသားကြီးက ထပ်မံပြောဆိုသည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...