ဒဂုံမြို့သစ် (ဆိပ်ကမ်း) တွင် အမျိုးသမီး ရာအိမ်မှူး ပစ်ခတ်ခံရ

ဒဂုံမြို့သစ် (ဆိပ်ကမ်း) တွင် အမျိုးသမီး ရာအိမ်မှူး ပစ်ခတ်ခံရ

ရန်ကုန်မြို့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သော စစ်ကောင်စီ သတင်းပေး ဒလန်ဟုဆိုသူ အမျိုးသမီး ရာအိမ်မှူး ဒေါ်ဥမ္မာ အား ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Yangon Revolution Group(YRG) ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

"သူ့တပည့်တွေကိုပါလွှတ်ပြီး‌ မြေပြင်လှုပ်ရှားတဲ့အဖွဲ့ပေါ့၊ ပြီးရင်သူတို့အထက်(စစ်ကောင်စီ)ကို သတင်းပို့တယ်။ ကျွန်တော်တို့အဖွဲ့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးထောက်တိုင် အကုန်ချိုးဖို့ ဒါအစပေါ့၊ သူ့ကို ရပ်ကွက်ရုံးကအပြန် လမ်းမှာသေနတ်နဲ့တစ်ချက် ပစ်ခတ်ခဲ့တာ ဆေးရုံရောက်တာပဲ ကြားသေးတယ်၊ သေမသေ မသိရသေးဘူး" ဟု YRG ပြောက်ကျားအဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ အမျိုးသမီးသည် ယုဇနဥယျာဉ်မြို့တော် (၁၅) လမ်း(A)တွင် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီ၏ အာဏာအဓွန့်ရှည်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆက်လက်လုပ်ဆောင်နေသော ထောက်တိုင်ဖြစ်သောကြောင့် YRG အနေဖြင့် Myanmar Justice Force (M.J.F) အကူအညီဖြင့် ၎င်းအားရပ်ကွက်ရုံးက အပြန်လမ်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

"ဈေးဝယ်နေတော့ ဘေးကနေ ရဲကား ၃ စီး လက်နက်အပြည့်နဲ့ ဈေးလမ်းထဲဝင်လာတာ၊ ဈေးထဲက မျက်မြင်တွေ့လိုက်တဲ့ အသိအမကို မေးကြည့်လိုက်တာ ဈေးနားမှာ မဥမ္မာ အပစ်ခံရလို့တဲ့၊ သူကဒလန်တဲ့ အူတွေပွင့်ထွက်သွားတာဆိုပြီး ပြောပြတာ၊ သေမသေတော့ မသိရသေးဘူး" ဟု အဆိုပါမြို့နယ်တွင် နေထိုင်သည့် ဒေသခံက မဇ္ဈိမကို ပြောသည်။

လက်ရှိ ပစ်ခတ်ခံရသူ သေဆုံးမှုရှိ မရှိ အတည်မပြုနိုင်သေးကြောင်း၊ ၎င်း၏ခါးထဲ ကျည်ဆံဝင်ပြီး ဆေးရုံ ရောက်ရှိနေသည်သာ သိရှိရသေးကြောင်း YRG ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...