ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

ကရင်နီပြည်နယ် ဖရူဆိုမြို့နဲ့ ဒီးမော့ဆိုမြို့တွေမှာ စစ်ကောင်စီကနေပြီးတော့ ဒေသခံကာကွယ်ရေးအဖွဲ့ တွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူတွေ(လူငယ်တွေ)ကို လိုက်လံဖမ်းဆီးနေတာတွေ ရှိနေတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဟုတ်တယ်။ ဖရူဆိုဖက်မှာကတော့ အဲ့လို အခြေအနေတချို့ ကြုံရတယ်။ PDFတွေဖက်လည်း လိုက်လံဖမ်းဆီးနေတာတွေရှိတယ်ပေါ့လေ။ ဒါလောလောဆယ်အခြေအနေပါ။ ဖရူဆိုကော ဒီးမော့ဆိုကော အဲလို အခြေအနေတွေကြုံနေရတယ်။“ လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ (၅)ရက်နေ့ ဖရူဆိုဖက်မှာ လူငယ်သုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖေ့ဘွတ်လူမှုကွန်ယက်မှာ ပြန့်နှံ့နေတာရှိပေမဲ့ ကန္တာရဝတီတိုင်း(မ်) က သီးခြား အတည်မပြုနိုင်ခြင်းမရှိသေးပါဘူး။

“ ရဲဘော်အပါအဝင် ကျန်တဲ့ သူတွေပေါ့ မလိုအပ်ဘဲ မြို့ထဲကို မချည်းကပ်တာ မသွားတာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ မြို့ထဲမှာက စစ်ကောင်စီရဲ့ သတင်းပေးတွေက ပိုပြီးတော့ များတယ်ပေါ့လေ။ ဒီအချိန်မှာတော့ လက်နက်ကိုင်ကိုင် မကိုင်ကိုင် စစ်ကောင်စီကတော့ ဖမ်းတယ် ဆီးတာတွေ လုပ်နေတာပဲလေ။ အဲ့ဒီအတွက်ကြောင့်မလို့ ကျနော်တို့က အမြဲတမ်းသတိပေးတယ်။ မလိုအပ်ဘဲနဲ့ မသွားရင်တော့ ပိုကောင်းမယ်လို့ ကျနော်ကတော့ အကြံပေးချင်တယ်ဗျ။ “ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိ တိုက်ပွဲငြိမ်နေသေးတဲ့ အချိန်မှာ ပြည်သူတွေအနေနဲ့ နေအိမ်ပြန်ကြည့်တာတွေ၊ ပစ္စည်းပြန်ယူတာတွေ ရှိနေကြပါတယ်။ အခြေအနေတွေ ပိုတင်းမာလာမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးအရှိန်ကျမသွားအောင် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး လက်ရှိအချိန်ထိ စစ်ရှောင်ရိက္ခာပြန်လာယူသူ၊ နေအိမ်ပြန်သူ၊ စစ်သင်တန်းတက်ပြန်လာသူ၊ လမ်းမှာဖမ်းဆီးခံရသူ အားလုံးအပါအဝင် လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ဖမ်းဆီးခံရသူ ၂၀၀ကျော်ရှိပြီး ဒီထက်များနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံကနေ သိရပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...