NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မှ ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ

NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မှ ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ

NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မြို့ရှိ ငွေမိုးဆေးရုံတွင် ညဘက် တာဝန်ထမ်းဆောင်နေသော ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ရဲနှင့်စစ်သား အင်အား ၂၀ ကျော်ဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဒေါက်တာ ချမ်းမြေ့အောင်ကို ငွေမိုးဆေးရုံ၌ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

"အခုတော့ အထဲမှာအဆင်ပြေပါတယ်။ မြို့မ ရဲစခန်းမှာပါပဲ။ အချုပ်ခံထားရတာမဟုတ်ပေမယ့် မေးမြန်းစစ်ဆေးစရာတွေရှိသေးလို့ဆိုပြီးမလွှတ်သေးပါဘူး။"ဟု ဒေါက်တာချမ်းမြေ့အောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဒေါက်တာချမ်းမြေ့အောင်သည် သာသနာနွယ်ဖောင်ဒေးရှင်းမှဖွင့်လှစ်ထားသော ဇီဝိတဒါနအခမဲ့ဆေးခန်းတွင် အခမဲ့ဆရာဝန်အဖြစ် ပရဟိတတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လတ်တလောတွင် ဆရာဝန်မရှိသောကြောင့်ဆေးခန်း ယာယီပိတ်ထားရကြောင်း သိရသည်။

"လွတ်တယ်လို့ ကြားရပေမယ့် အခုထိတော့တကယ်မလွတ်သေးပါဘူး။ ဆရာပြန်လွတ်လာတာနဲ့ဆေးခန်းပြန်ဖွင့်မှာပါ။ ဘာကြောင့်ဖမ်းသွားတာလဲဆော့ ဆရာတော်တို့အခုထိ မသိရသေးပါဘူး" လို့ သာသနာနွယ်ဖောင်ဒေးရှင်းမှ အရှင်စန္ဒဇောတိက ပြောသည်။

ဒေါက်တာချမ်းမြေ့အောင်သည် လွန်ခဲ့သော ၃ နှစ်ခန့်က စစ်တပ်မှနှုတ်ထွက်ခဲ့သော စစ်ဆရာဝန်တစ်ဦးဖြစ်ပြီး ကိုဗစ်ကာလအတွင်း နယ်လှည့်ကာဆေးကုသပေးခဲ့သူဖြစ်ကြောင်း သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...