NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မှ ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ

NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မှ ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ

NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မြို့ရှိ ငွေမိုးဆေးရုံတွင် ညဘက် တာဝန်ထမ်းဆောင်နေသော ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ရဲနှင့်စစ်သား အင်အား ၂၀ ကျော်ဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဒေါက်တာ ချမ်းမြေ့အောင်ကို ငွေမိုးဆေးရုံ၌ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

"အခုတော့ အထဲမှာအဆင်ပြေပါတယ်။ မြို့မ ရဲစခန်းမှာပါပဲ။ အချုပ်ခံထားရတာမဟုတ်ပေမယ့် မေးမြန်းစစ်ဆေးစရာတွေရှိသေးလို့ဆိုပြီးမလွှတ်သေးပါဘူး။"ဟု ဒေါက်တာချမ်းမြေ့အောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဒေါက်တာချမ်းမြေ့အောင်သည် သာသနာနွယ်ဖောင်ဒေးရှင်းမှဖွင့်လှစ်ထားသော ဇီဝိတဒါနအခမဲ့ဆေးခန်းတွင် အခမဲ့ဆရာဝန်အဖြစ် ပရဟိတတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လတ်တလောတွင် ဆရာဝန်မရှိသောကြောင့်ဆေးခန်း ယာယီပိတ်ထားရကြောင်း သိရသည်။

"လွတ်တယ်လို့ ကြားရပေမယ့် အခုထိတော့တကယ်မလွတ်သေးပါဘူး။ ဆရာပြန်လွတ်လာတာနဲ့ဆေးခန်းပြန်ဖွင့်မှာပါ။ ဘာကြောင့်ဖမ်းသွားတာလဲဆော့ ဆရာတော်တို့အခုထိ မသိရသေးပါဘူး" လို့ သာသနာနွယ်ဖောင်ဒေးရှင်းမှ အရှင်စန္ဒဇောတိက ပြောသည်။

ဒေါက်တာချမ်းမြေ့အောင်သည် လွန်ခဲ့သော ၃ နှစ်ခန့်က စစ်တပ်မှနှုတ်ထွက်ခဲ့သော စစ်ဆရာဝန်တစ်ဦးဖြစ်ပြီး ကိုဗစ်ကာလအတွင်း နယ်လှည့်ကာဆေးကုသပေးခဲ့သူဖြစ်ကြောင်း သိရသည်။

Most read this week

Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...