သထုံ ရွှေစာရံဘုရားရှေ့တွင် ဗုံးပေါက်ပြီးနောက် Sunday KTV ဆိုင်ပိုင်ရှင်နှင့်အတူ ၁၉ ဦးဖမ်းဆီးခံရ

သထုံ ရွှေစာရံဘုရားရှေ့တွင် ဗုံးပေါက်ပြီးနောက် Sunday KTV ဆိုင်ပိုင်ရှင်နှင့်အတူ ၁၉ ဦးဖမ်းဆီးခံရ

သထုံမြို့ ရွှေစာရံဘုရားရှေ့ ရုပ်သေးကုန်းတွင် ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်း၌ ဗုံးပေါက်ကွဲခဲ့ပြီးနောက် Sunday KTV ဆိုင်ပိုင်ရှင်နှင့် သားဖြစ်သူအပါအဝင် ၁၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

Sunday စားသောက်ဆိုင်ပိုင်ရှင် ဒေါ် အိမွန်က ” ကျွန်မ ခင်ပွန်းနဲ့ သား၊ မောင်နဲ့ ဇနီး၊ မွေးနေ့အတွက် လာလည်တဲ့ ဧည့်သည် တွေနဲ့ ဆိုင်ဝန်ထမ်း ပေါင်း 19 ယောက်ပါ။ ကျွန်မတစ်ယောက်ထဲ အပြင်မှာကျန်နေခဲ့တာပါ။ ကျန်တဲ့သူတွေကတော့အကုန်အချုပ်ထဲမှာ”လို့  ဆိုသည်။

အဆိုပါ Sunday KTV သို့ ဒီဇင်ဘာလ ၂ ရက်နေ့ညတွင် စစ်တပ်မှ အရာရှိတစ်ဦးနှင့် အခြားတစ်ဦးတို့ လာရောက်ခဲ့ပြီး အပြန်ဘက်တွင် ရွှေစာရံဘုရားအနီး၊ ပိဋကတ်သုံးပုံ အဝိုင်းအနီး၌ ည ၁၁ နာရီ ၃၀ ခန့်တွင် ဗုံးဖြင်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်အပေါ် ဆိုင်ပိုင်ရှင်နှင့် သားဖြစ်သူအပါအဝင် ဆိုင်ဝန်ထမ်းအားလုံးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ သထုံမြို့နယ်ရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

Sunday KTV ဆိုင်သည် ၂၀၂၀ ဒီဇင်ဘာလတွင် ကိုဗစ်ကာလ အစိုးရညွှန်ကြားချက်ကိုမလိုက်နာဘဲ ဆိုင်ဖွင့်လှစ်ခဲ့မှုကြောင့် မန်နေဂျာအပါအဝင် ၁၉ ဦးခန့်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဖြစ်စဥ် ရှိခဲ့သည်။

August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...