ဘုရားသုံးဆူမြို့အနီး ချောင်းဆုံရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်သတ်လုပ်ကြံခံရပြီးသေဆုံး

ဘုရားသုံးဆူမြို့အနီး ချောင်းဆုံရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်သတ်လုပ်ကြံခံရပြီးသေဆုံး

ကရင်ပြည်နယ် ကြာအင်ဆိပ်ကြီးမြို့နယ်၊ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူးအား ယနေ့ (ဒီဇင်ဘာလ ၆ ရက်) နံနက်ပိုင်းတွင် နေအိမ်တွင်ရှိနေစဥ် အမည်မသိ သေနတ်သေနတ်သမားများ လာရောက်ပစ်သတ်သဖြင့် လုပ်ကြံခံရပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဘုရားသုံးဆူမြို့ ရဲစခန်းမှ ရဲမှူး ဦးအောင်သူက "သူ့အိမ်ရှေ့မှာ အပစ်ခံရတယ်လို့ကြားတယ်ဗျ။ အခုကျွန်တော်တို့အဲ့ဒီကို စစ်ဆေးဖို့သွားနေပါတယ်"ဟု အတည်ပြုပြောကြားသည်။

၄င်း၏နေအိမ်ရှေ့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဆိုင်ကယ်စီးလာသည့် အမည်မသိလူ ၂ ဦး သေနတ်ဖြင့် ၃ ချက်ခန့် လာရောက်ပစ်ခတ်ခဲ့ရာ ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင် ဦးခေါင်းထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လုပ်ကြံခံရအပြီး ချောင်းဆုံကျေးရွာသို့ စစ်တပ်နှင့် ရဲများရောက်ရှိလာကာ

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းကိုလည်း

မေလ ၁၉ ရက်နေ့က အမည်မသိလူ ၂ ဦး ဆိုင်ကယ်ဖြင့်လာရောက် ပစ်သတ်လုပ်ကြံခဲ့သဖြင့် သေဆုံးခဲ့သည်။

ထို့ပြင် ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခိုင်ဝင်းကိုလည်း ဇူလိုင် ၁၈ ရက် နံနက်အချိန် လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ၄င်းရောက်နေစဥ်တွင် ဆိုင်ကယ်စီးအမည်မသိလူ ၂ ဦး ရုတ်တရုက်ရောက်ရှိလာပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ လာရောက်ပစ်ခတ်သဖြင့် နေရာတွင်ပင် ပွဲချင်းပွဲသေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားသုံးဆူမြို့ပေါ်နှင့် အနီတဝိုက်ရွာများတွင် စစ်အစိုးရထောက်ခံသူများနှင့် ဒလန်များဟု ယူဆသူများ ၆ ဦးထက်မနည်း လက်သည်မပေါ်ပစ်သတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...