ကြည့်မြင်တိုင်သပိတ် ကားဖြင့်တိုက်မှု “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ်ပြော

ကြည့်မြင်တိုင်သပိတ် ကားဖြင့်တိုက်မှု “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ်ပြော

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် လမ်းလျှောက်ချီတက်နေသော စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်ကားဖြင့် အနောက်မှ ဝင်ရောက် တိုက်သတ်ဖမ်းဆီးမှုကို ရည်ရွယ်ပြီး “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယမန်နေ့ ညပိုင်းက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေသူများကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့်အရှိန်ပြင်းပြင်း ဝင်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ဆန္ဒပြလူငယ် ၁၁ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ဆန္ဒပြပွဲ သတင်းယူနေသည့် Myanmar Pressphoto Agency သတင်းထောက် နှစ်ဦးလည်း ပြင်းထန်သည့် ဒဏ်ရာများဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ကားဖြင့်ဝင်တိုက်မှုသည် “လူ့အသက်ကို ပဓာနမထားဘဲ တမင်တကာ လုပ်ဆောင်သည့် လုံးဝမတရားတဲ့ လုပ်ရပ်ဘဲ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ အကြမ်းဖက် ဖြိုခွင်းသည့် လုပ်ရပ်အပေါ် “ထိတ်လန့်တုန်လှုပ်မိပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...