ဖယ်ခုံအခြေစိုက် KNDF B-11 တပ်ရင်းစခန်း နဲ့ လတူးကျေးရွာနေအိမ်တစ်ချို့ မီးရှို့ခံရ

ဖယ်ခုံအခြေစိုက် KNDF B-11 တပ်ရင်းစခန်း နဲ့ လတူးကျေးရွာနေအိမ်တစ်ချို့ မီးရှို့ခံရ

ဖယ်ခုံမြို့အခြေစိုက် KNDF B-11တပ်ရင်းစခန်း နဲ့ ခေါင်းအိကျေးရွာအုပ်စု လတူးကျေးရွာ နေအိမ်တချို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဒုတိယအကြိမ်မီးရှို့ခဲ့ပါတယ်။

ခေါင်အိကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် ၂၀၀၀ ဦးခန့်ရှိနေပါတယ်။

လတူးကျေးရွာက နေအိမ် အနည်းဆုံး၂ လုံး မီးလောင်ပျက်စီးသွားပါတယ်။ ဒါ့အပြင် တပ်ရင်းရဲဘော်တွေ နေထိုင်ခြင်းမရှိတော့တဲ့ KNDF B-11 တပ်ရင်းစခန်းက တဲအိမ် ၆ လုံး၊ နဲ့ စားနပ်ရိက္ခာတွေလည်းမီးလောင်ပျက်စီးခဲ့ပါတယ်။

“ အကုန်လုံးမီးရှို့ခံရတယ်။ ပစ္စည်းတွေ စောင်တွေ အိပ်ယာလိတ်တွေ အဲ့တာတွေ အကုန်လုံး မီးရှို့ခံရတယ်။ အိုးအိမ် ဆန်တွေ ရိက္ခာတွေအကုန်လုံး ဆေးဝါးတွေကော အကုန်လုံး ပေါ့နော။ သယ်ထုတ်လို့ မနိုင်တဲ့ ပစ္စည်တွေအကုန်လုံးတော့ မီးရှို့ခံရတယ်။ “

လတူးကျေးရွာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့မှာ စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ခဲ့ပါတယ်။ ပထမအကြိမ် မီးရှို့ခံရတုန်းက လတူးကျေးရွာရဲ့ အိမ်ခြေ ၃၀ ကျော် မီးလောင်သွားတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် ( KCSN ) က ထုတ်ပြန်ထားပါတယ်။

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...