လုပ်ငန်းရှင်များကိုလေလံပစ်ပေး၍ မွန်ပြည်နယ်မြို့ဝင်ဂိတ်ကြေးများ ပြန်လည်ကောက်ခံ

လုပ်ငန်းရှင်များကိုလေလံပစ်ပေး၍ မွန်ပြည်နယ်မြို့ဝင်ဂိတ်ကြေးများ ပြန်လည်ကောက်ခံ

မွန်ပြည်နယ်အတွင်း လုပ်ငန်းရှင်များကို လေလံပစ်ပေး၍ မြို့အဝင်အထွက်များတွင် ဂိတ်များအသီးသီးဖွင့်လှစ်ကာ ပြီးခဲ့သည့် မော်တော်ယာဥ်များထံမှ ပြန်လည်ကောက်ခံလျက်ရှိကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနထံမှ သိရသည်။

စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် မြို့ဝင်ကြေးကောက်ခံခြင်းကို ရပ်နားထားခဲ့ရာမှ မကြာမီက လုပ်ငန်းရှင်များကို ခေါ်ယူကာ လေလံပစ်ပြီးနောက် မြိုဝင်ကြေးဂိတ်များကို ဒီဇင်ဘာ ၁ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်ကောက်ခံနေခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

"ဒီနှစ်ကတော့ ကျွန်တော်တို့ လေးလစာပေါ့။ လေးလစာအတွက်ကို ဘတ်ဂျက်က ၆လ ဘတ်ဂျက်ဖြစ်တဲ့အတွက် ကျွန်တော်တို့က လေးလစာအတွက်ကို ပြန်ဖြည့်လိုက်တယ်။ ဒီဇင်ဘာလကနေ မတ်လအထိ မြိုဝင်ကြေးကောက်ခံဖို့အတွက် ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းရှင်တွေကို လေလံပစ်ပြီးတော့ ကောက်နေတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဝန်ထမ်းအင်အားအခက်အခဲရှိခြင်း၊ ကိုဗစ်ရောဂါဖြစ်ပွားနေခြင်းတို့ကြောင့် အဖွဲ့ဖြင့် ကောက်ခံရန် အဆင်မပြေသောကြောင့် လေလံ‌ပေးရခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ မှစတင်ကာ ၁၀ မြို့နယ်လုံးရှိ မြိုဝင်ကြေးဂိတ်များ လေလံတင်ခဲ့ပြီး ၂၀ ရက်နေ့တွင် လေလံပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မော်လမြိုင်မြို့နယ်က ဆိုင်ကယ် Taxi ‌မောင်းနေသူ တစ်ဦးက "မြိုဝင်ကြေးဂိတ်တွေမှာတော့ အဓိကက ကားတွေကိုပဲ ကောက်တာပေါ့။ ဒါပေမယ့် လမ်းပိတ်တာတွေတော့ ပြန်ဖြစ်လာတာပေါ့။ သံလွင်တံတားအဆင်းမှာ ပိတ်နေတာပေါ့"ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း၌ မြို့ဝင်ကြေးကောက်ခံသည့် ဂိတ် စုစုပေါင်း ၁၄ ခုရှိပြီး လက်ရှိတွင် ဂိတ်အားလုံးကို ဖွင့်လှစ်ကာ ကောက်ခံနေခြင်းဖြစ်‌ကြောင်း၊ NLD အစိုးရလက်ထက်တွင် မွန်ပြည်နယ်မြို့ဝင်ကြေးကောက်ခံခြင်းမှ နှစ်စဥ်အခွန်ငွေ ကျပ် ၂ ဘီလီယံနီးပါး ရရှိခဲ့ကြောင်း သိရသည်။

August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...