မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရုံးထုတ်စစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရုံးထုတ်စစ်ဆေး

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု ၉ မှုအတွက် ဒီဇင်ဘာ ၂ ရက်နေ့က ကျိုက်မရောဗဟိုအကျဉ်းထောင် အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ယခု ရုံးချိန်းတွင် နစက ဘက်က တင်သွင်းလာသော တရားလိုပြ သက်သေ ၂ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

"ကျိုက်မရောက အထူးတရားရုံးမှာပဲ စစ်ဆေးတာ။  ဟိုဘက်က တင်ပြတာလာက သက်သေ ၂ ဦးပေါ့။ အဲဒါကိူ စစ်ဆေးခဲ့တာပေါ့။ ၅၀၅ နဲ့ စွဲထားတာကိုလည်း စစ်နေတယ်"ဟု ၎င်းက ပြောသည်။

နစကဘက်က တင်ပြလာသည့် တရားလိုပြသက်သေမည်သူမည်ဝါဖြစ်သည်ကို အမည်နာမည်တပ်၍ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ဒေါက်တာအေးဇံနှင့် လုပ်ဖော်ကိုင်ဖက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းများဖြစ်ကြောင်း သိရသည်။

NLD ပါတီဝင်များ နှင့် နီးစပ်သူတစ်ဦးက "အရင်တုန်းက ကြားတာက နိုဝင်ဘာလကုန်မှာ အပြီးစစ်ဆေးမယ်‌လို့ ကြားတာပေါ့နော်။ အခုတော့ တရားလိုပြ သက်သေတွေကို စစ်နေတုန်းလို့ သိရတယ်"ဟု ပြောသည်။

လက်ရှိတွင် ဒေါက်တာအေးဇံ၏ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်သည်ဟု ကြားသိရကြောင်း ၄င်းကဆက်ပြောသည်။

ဒေါက်တာအေးဇံကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အာဏာရှင် ဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများကို ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည့်ဆိုသော စွဲချက် ဖြင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နစကဘက်က တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၉ မှု ဖွင့်လှစ်ကာ စစ်ဆေးနေခြင်းဖြစ်သည်။

August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...