ဘုန်းကြီးမောင်းနှင်လာသည့်ကားဝင်တိုက်သဖြင့် စက်ဘီးစီးလာသည့်ကျောင်းသူတစ်ဦးသေဆုံး

ဘုန်းကြီးမောင်းနှင်လာသည့်ကားဝင်တိုက်သဖြင့် စက်ဘီးစီးလာသည့်ကျောင်းသူတစ်ဦးသေဆုံး

သံဖြူဇရပ်-ရေးကားမပေါ် သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါင်ကျေးရွာအနီး၌ ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့် ကားဝင်တိုက်သဖြင့် စက်ဘီးစီးလာသည့်ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြာင်း သတင်းရရှိသည်။  

ကလိန်ပဒေါင်ကျေးရွာအနီး စာသင်ကျောင်းရှေ့၌ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့်ယာဉ်မှ အရှိန်မထိုင်းနိုင်ဘဲ အဆိုပါကျောင်းသူစီးနင်းလာသည့် စက်ဘီးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းဝင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကောင်မလေးကအခုမှ ၁၂ နှစ်ပဲရှိသေးတယ်။ ဖြစ်စဥ်ကတော့ ဟိုက်ဝေးလမ်းမကြီးဆိုတော့ ဘုန်းကြီးက အရှိန်နဲ့မောင်းလာတာ။ လမ်းဘေးကနေပြီး ကလေးမလေး လမ်းပေါ်ကို တက်တာ အဲ့ဒီမှာတိုက်မိတာ။ ကလေးမလေးကို လမ်းဘေးက အဒေါ်ကြီးတစ်ယောက်က ကားလာတယ်လို့ လှမ်းအော်သေးတယ် မမှီလိုက်ဘူး။ အဲဒီနေရာက ကုန်းလေးလည်း ဖြစ်နေတော့ကားက အရှိန်နည်းနည်း ပါနေတာပါ"ဟု ၄င်းက ဆိုသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကျောင်းသူ ဦးခေါင်းကြေမွ၍ သေဆုံးခဲ့ပြီး အလောင်းကို သံဖြူဇရပ်ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

တိုက်ခဲ့သောကားအမျိုးအစား Toyota SUV ဖြစ်ပြီး လမိုင်းမြို့မှ ဘုန်းတော်ကြီးတစ်ပါးဖြစ်ကြောင်း လမိုင်းမြို့မ ရဲစခန်းမှ သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာ ရဲများလာရောက်ပြီး ဘုန်းကြီးကို ခေါ်ဆောင်သွားကြောင်း၊ တရားဥပဒေအတိုင်း လူဝတ်လဲ အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်နှင့် ၅ မိုင်ခန့်အကွာ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ ဦးခွေး၊ဒေါ်ယိမ်းကျေးရွာအနီးတွင် သံဖြူဇရပ်ဘက်မှ ရဲတံခွန်ကျေးရွာဘက်သို့ အသွားလမ်းတွင်လည်း ဘုန်းကြီးတစ်ပါး မောင်းနှင်လာသောကားတစ်စီး တိုက်မိသောကြောင့် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...