မော်လမြိုင်မြို့နယ် NLD ဥက္ကဌ ဒေါ်နွယ်နွယ်အောင် အကြမ်းဖက်ဥပဒေဖြင့် စွဲချက်တင်ခံရ

မော်လမြိုင်မြို့နယ် NLD ဥက္ကဌ ဒေါ်နွယ်နွယ်အောင် အကြမ်းဖက်ဥပဒေဖြင့် စွဲချက်တင်ခံရ

မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်နွယ်နွယ်အောင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုစွဲချက်တင်ခံရကြောင်း NLD ပါတီဝင်နှင့် နီးစပ်သူများက ပြောသည်။

နိုဝင်ဘာ ၂၆ ရက်က ချုပ်ရက ရမန်ပြည့်ပြီးနောက် အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြပြီး လက်ရှိတွင် ကျိုက်မရောဗဟို အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု NLD ပါတီဝင်နှင့် နီးစပ်သူတစ်ဦးက  ပြောသည်။

"အောက်တိုဘာလထဲက ဖမ်းခေါ်သွားတာ။ အခုကျတော့ အကြမ်းဖက်ဥပဒေ ဆိုပြီး ပုဒ်မနဲ့ စွဲချက်တင်ထားတယ်လို့ သိရတာပေါ့"ဟု ၎င်းက ပြောသည်။

ဒေါ်နွယ်နွယ်အောင်သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မဆီ CRPH ၊ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နှင့် ပတ်သတ်မှု မရှိကြောင်း နစက ကောင်စီထံတွင် ခံဝန်လက်မှတ်ရေးထိုးကာ နေအိမ်တွင် ပြန်လည်နေထိုင်နေခဲ့သူ ဖြစ်သည်။

သို့ရာတွင် ဒေါ်နွယ်နွယ်အောင်ကို အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင် ၎င်း၏နေအိမ်၌ အာဏာပိုင်များ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...