ဟားခါးတွင် အင်အား ရစ်(ခ်)တာစကေး ၆ အဆင့်ထိ မြေငလျင်လှုပ်

ဟားခါးတွင် အင်အား ရစ်(ခ်)တာစကေး ၆ အဆင့်ထိ မြေငလျင်လှုပ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက် ၆နာရီ ၁၅ မိနစ်ကျော်အချိန်တွင် အင်အားအသင့်အတင့်ရှိသော ရစ်(ခ်)တာစကေး ၆ အဆင့်ထိ မြေငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။

ဖလမ်းနှင့် ကလေးမြို့များတွင်ပါ လှုပ်ခတ်ရာတွင် အချိန်အနည်းငယ် ကြာမြင့်သော်လည်း အဆိုပါမြေငလျင်ကြောင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိဟု ဒေသခံများထံမှ သိရသည်။

''ဟားခါးမှာ အရင်ကလည်း မြေငလျင်လှုပ်နေတာပဲ။ အခုတစ်ခါထက်ပြင်းတာတွေ ရှိခဲ့ဖူးတယ်။ ဒီတစ်ခါကျတော့ နည်းနည်းလေးကြာတယ်။ ပြီးတော့ ဘယ်ညာလွယ် နေသလို (လွှဲပေးနေသလို) ခံစားရတယ်''ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

''နိုဝင်ဘာလ ၂၆ ရက် ၊ မြန်မာစံတော်ချိန် ဝး၆ နာရီ၊ ၁၅ မိနစ်၊ ၄၂စက္ကန့် အချိန်တွင် ဟားခါး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၀မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ထန်တလန်မြို့၏ အရှေ့မြောက်ဘက် ငါး မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၇၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၄၈ ဒီဂရီ၊ အနက် ၄၆ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆ အဆင့်ရှိ အင်အားအသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်''ဟု မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...