မတူပီ - ပလက်ဝ လမ်းရှိ စစ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ အကျအဆုံးရှိ

မတူပီ - ပလက်ဝ လမ်းရှိ စစ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ အကျအဆုံးရှိ

ချင်းပြည်နယ် ၊ မတူပီ - ပလက်ဝ လမ်းပေါ်ရှိ စစ်ကောင်စီ၏ ခလရ (၃၀၄) တပ်ရင်း ကင်းစခန်းကို နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (မတူပီ) က ယနေ့ ထုတ်ပြန် ကြေညာသည်။

ချင်းကာကွယ်ရေးတပ် (မတူပီ)( CDF-Matupi) နှင့် ချင်းအမျိုးသား တပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့ က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကာ ငါးဦး ထက်မနည်း ဒဏ်ရာ ရသွားသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“အဲဒီဂိတ်က ပြည်သူတွေကို အနှောင့်အယှက်ပေးပြီး အနိုင်ကျင့်နေတဲ့ အတွက် ဝင်တိုက်ခိုက်ခဲ့တာပါ” ဟု CDF-Matupi မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ဒေသခံပြည်သူများ စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စများဖြင့် မတူပီမြို့သို့ လာရောက်ရာတွင် အဆိုပါ ကင်းစခန်းက ခြိမ်းခြောက် စစ်ဆေးခြင်း၊ မတရား ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက်တွင်လည်း မတူပီ - ဟားခါး လမ်းပေါ်ရှိ ခရိုင်ထွေအုပ်ရုံး အနီးတွင် လည်း တိုက်ပွဲ ဖြစ်ပွားလျက် ရှိကြောင်းလည်း CDF-Matupi အဖွဲ့ထံက သိရသည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...