ဆန္ဒပြ လူငယ်များကို လုံခြုံရေးများ ထိုးကြိတ်ဖမ်းဆီးမှု မြန်မာပလာဇာ အုပ်ချုပ်ရေးအဖွဲ့ အနူးအညွတ်တောင်းပန်

ဆန္ဒပြ လူငယ်များကို လုံခြုံရေးများ ထိုးကြိတ်ဖမ်းဆီးမှု မြန်မာပလာဇာ အုပ်ချုပ်ရေးအဖွဲ့ အနူးအညွတ်တောင်းပန်

ရန်ကုန်မြို့၊ မြန်မာပလာဇာအတွင်း၌ ဆန္ဒပြသည့် လူငယ်များကို လုံခြုံရေးများက ထိုးကြိတ်ဖမ်းဆီးမှု နိုဝင်ဘာ ၂၅ ရက်တွင် ဖြစ်ပွားခဲ့ခြင်းအပေါ် မြန်မာပလာဇာ အုပ်ချုပ်ရေးအဖွဲ့က တောင်းပန်ကြောင်း လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

နေ့လယ် ၃ နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်အပေါ် မြန်မာပလာဇာဘက်က ညပိုင်းတွင် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

‘’ယနေ့ ဖြစ်စဉ်တွင် ကျွန်ုပ်တို့၏ လုံခြုံရေး ဝန်ထမ်းများသည် အေးချမ်းစွာ ပြုမူပြောဆိုဆောင်ရွက် ရမည့်အစား မသင့်လျော် လွဲမှားစွာ ပြုမူ ဆောင်ရွက်ခဲ့သည်ကို သိရှိရသည့်အတွက် အထူးပင် စိတ်မကောင်းဖြစ်ရပါသည်။ အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ပါဝင် ပတ်သက်သူများနှင့် အများပြည်သူအနေဖြင့် မည်သို့ ခံစားရသည်ကိုလည်း ကောင်းစွာ သိရှိ နားလည်ပါသည်။ ထိုကဲ့သို့ ဖြစ်ခဲ့သည့်အပေါ် မြန်မာပလာဇာက အနူးအညွတ် တောင်းပန်အပ်ပါသည်" ဟု ထုတ်ပြန်သည်။

မြန်မာပလာဇာ အုပ်ချုပ်ရေးရုံးအဖွဲ့ကလည်း ဖြစ်ရပ်ကို သေချာစွာသုံးသပ်ပြီး ထိုသို့ မလျော်မကန်သော အပြုအမူများ ထပ်မံ မဖြစ်ပွားစေရန် တာဝန်ရှိသူများကို ပိုမိုတင်းကျပ်သော စည်းမျဥ်း၊စည်းကမ်းများနှင့် တာဝန်ခံမှုများကို တိုးမြှင့်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အဆိုပါဖြစ်စဉ်တွင် ဆန္ဒပြ လူစုထဲမှ လူငယ်နှစ်ဦး မြန်မာပလာဇာ လုံခြုံရေး ဝန်ထမ်းများ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ထိုးကြိတ် ဖမ်းဆီးခံရမှုများကြောင့် အမျိုးသမီးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လာသော ဓါတ်ပုံ အထောက်အထားများအရ သိရသည်။

မြန်မာပလာဇာ တာဝန်ရှိအဖွဲ့က သတင်းထုတ်ပြန်ချက်ဖြင့် အနူးအညွတ် တောင်းပန်ကြောင်း ဆိုထားသော်လည်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ချက်ကို လူထုက ဝေဖန်မှုများစွာဖြင့် မှတ်ချက် ပြုထားသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...