ထန်တလန်မြို့ ထပ်မံမီးလောင်မှု လူနေအိမ် ၅၀ နီးပါး ပျက်စီးဆုံးရှုံး

ထန်တလန်မြို့ ထပ်မံမီးလောင်မှု လူနေအိမ် ၅၀ နီးပါး ပျက်စီးဆုံးရှုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက် နေ့လယ်၂ နာရီကျော်မှ စတင်ပြီး လူနေအိမ်များ မီးလောင်ခဲ့ကာ ဘုရားကျောင်းအပါအဝင် အိမ်အလုံးရေ ၅၀ နီးပါး ပျက်စီး ဆုံးရှုံးကြောင်း ထိုဘုရားကျောင်း၏ သင်းအုပ်ဆရာထံက သိရသည်။

ထန်တလန် ရာပြည့်နှစ်ခြင်း ဘုရားကျောင်း (TCBC) အပါအဝင် ဇုန်မွှန်ရပ်ကွက်၊ စိုက်ပျိုးရေး ရပ်ကွက် နှင့် ရဲစခန်း အနောက်ဘက် အခြမ်းရှိ လူနေအိမ် ၄၉ လုံး မီးလောင်သွားခြင်း ဖြစ်သည်။

ထိုမီးလောင်မှုသည် စစ်ကောင်စီတပ်များ၏ ရှို့မီးကြောင့် ဖြစ်သည်ဟု ချင်းအမျိုးသား တပ်မတော် (CNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“စစ်ကောင်စီ တပ်တွေက သူတို့ကို ချုံခိုတိုက်မယ့်နေရာတွေနဲ့ အကာအကွယ်ကောင်းတဲ့ နေရာတွေကို နေရာယူဖို့ ခက်ခဲအောင် အခုလို အိမ်တွေကို မီးရှို့နေတာလို့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံပြည်သူများ နေထိုင်ခြင်း မရှိတော့သည့် ထန်တလန်မြို့တွင် ချင်းအမျိုးသား တပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)တို့ နှင့် စစ်ကောင်စီတပ်များ အကြား ထိတွေ့ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားကြောင်းလည်း ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့သည် စက်တင်ဘာလ ၉ ရက် မှ နိုဝင်ဘာလ ၂၄ ရက်အတွင်း ရှစ်ကြိမ် မီးရှို့ခံခဲ့ရပြီး ခရစ်ယာန် ဘုရားကျောင်း သုံးကျောင်း အပါအဝင် လူနေအိမ် ၂၅၃ လုံး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း မြို့ခံများက ပြုစုထားသော အချက်အလက်များအရ သိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...