ဒီးမော့ဆို တစ်မြို့နယ်လုံး လျှပ်စစ်မီးနဲ့ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေ

ဒီးမော့ဆို တစ်မြို့နယ်လုံး လျှပ်စစ်မီးနဲ့ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံရတာ လနဲ့ချီကြာနေပြီဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းကို သွယ်တန်းလာတဲ့ ဓာတ်အားလိုင်း တမင်ဖြတ်တောက်ခံရတာဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်မှာ ဖြစ်ပွားခဲ့တဲ့ ကုန်းသာကျေးရွာအနီးတစ်ဝိုက် တိုက်ပွဲကစပြီး ယနေ့အချိန်ထိ ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းဟာလည်း လျှပ်စစ်မီးမရရှိတာ လနဲ့ချီကြာရှိပြီလို့ ဒေသခံတွေကလည်း ပြောပါတယ်။

“မီးပျက်သွားတာက သက်သက်မဲ့ကို ဖြတ်လိုက်တဲ့ ပုံစံမျိုးပဲ။ ဒီးမော့ဆိုမြို့နယ်ကို လာတဲ့ ဓာတ်အားလိုင်းတွေ အကုန်လုံးက ပြတ်သွားပြီ။ လုံးဝမလာတော့ဘူး” လို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းက အချို့သောနေရာ အနည်းအကျဉ်းတွေမှာ မီးရရှိတာဟာ ဒီးမော့ဆိုမြို့နယ်အတွင်းကို တိုက်ရိုက်သွယ်တန်းတဲ့ ဓာတ်အားလိုင်းကနေ ရရှိတာ မဟုတ်ပဲ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတွေဆီသွယ်တန်းထားတဲ့ ဓာတ်အားကို အသုံးပြုနေရတာမျိုးတွေ ၊ တခြားသော မြို့နယ်တွေကို သွယ်တန်းတဲ့ ဓာတ်အားလိုင်းကို ခွဲပြီး အသုံးပြုနေရတာမျိုးတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆိုတော့ သေချာတာက ဒီမီးကို သူတို့ဖက်က (စစ်ကောင်စီ) နေပြီးတော့ ဖျက်ချင်လို့ကို ဖျက်ထားတဲ့ ပုံစံနဲ့ လုပ်တယ်ဆိုတာ သေချာတယ်ပေါ့နော။ အဲ့လိုမျိုးကို ဖြစ်နေတာ။ လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လျှပ်စစ်မီးမရရှိတာ လနဲ့ချီကြာပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေကို ဆေးကုသပေးနေတဲ့ ဆေးခန်းတွေအတွက် အခက်အခဲရှိသလို Insulin လို ဆေးမျိုးကို အအေးခံပြီးမှသာ ပုံမှန်မှီဝဲနေရတဲ့ စစ်ဘေးရှောင်ဆီးချိုသမားတွေအတွက်လည်း များစွာအခက်အခဲ ဖြစ်တယ်လို့ အဆိုပါဒေသခံက ကန္တာရဝတီတိုင်း(မ်) ကို ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဆက်သွယ်ရေးအတွက် အလွန်အရေးပါတဲ့ ဖုန်းလိုင်းလည်း နေရာ အများစုမှာ ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှ ဒေသခံအမျိုးသားတစ်ဦးကလည်း ဖုန်းလိုင်းရတာ လုံးဝနည်းသွားတယ်။ အဲ့တော့ ဥပမာ ကျန်းမာရေးအရေးပေါ် ကိစ္စတွေ ဖြစ်လာပြီဆိုရင် ကျနော်တို့က ဆက်သွယ်ရတာ အရမ်းခက်တယ်။ လို့ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ်ရှိ ဆော်ခီးဒေါနဲ့ ဒေါလိုရှေးကျေးရွာအကြားက လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်ကြီးနှစ်ခု ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်ဟာ လက်ရှိမှာ စစ်ဘေးဒုက္ခသည် တွေအများဆုံး ဖြစ်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...