ရခိုင်ကျောင်းသားများသို့ We Love Rakhine က စက်ဘီးအစီး ၃၀၀ ထောက်ပံ့

ရခိုင်ကျောင်းသားများသို့ We Love Rakhine က စက်ဘီးအစီး ၃၀၀ ထောက်ပံ့

We Love Rakhine နှင့် Lesswalk အဖွဲ့တို့ က ပူးပေါင်းပြီး ရခိုင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသမှ ကျောင်းသားများအတွက် စက်ဘီးအစီး ၃၀၀ ထောက်ပံ့မှု အောင်မြင်စွာ ပြီးဆုံးသွားပြီဟု သတင်းရရှိသည်။

အဆိုပါ စက်ဘီးများကို နိုဝင်ဘာလ ၂၁ ရက်တွင် ထောက်ပံ့မှုအားလုံးပြီးစီးသွားပြီဟု We Love Rakhine အဖွဲ့ ဒုဥက္ကဋ္ဌ ဦးတင်ငြိမ်းဦးက ပြောသည်။

“ကျနော်တို့က တစ်မြို့နယ်ကို အစီး ၂၀ လောက်စီခွဲဝေပြီးတော့ ပြီးခဲ့တဲ့လကစပြီးတော့ မြောက်ဦး ခရိုင်၊ စစ်တွေခရိုင်တို့ကိုလှူဒါန်းခဲ့ပါတယ်။ အခုကတော့ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်တို့ကို သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါစက်ဘီးများမှာ ဂျပန်နိုင်ငံထုတ်အမျိုးအစားဖြစ်ပြီး မြန်မာပြည်အခြေစိုက် NGO တစ်ခုဖြစ်သည့် Lesswalk အဖွဲ့က We Love Rakhine အဖွဲ့မှတဆင့် ထောက်ပံ့ပေးခြင်းဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း လည်း မာန်အောင်မြို့နယ် ဇိုင်ပင်ရွာမှ ဆင်းရဲနွမ်းပါးပြီး ပညာရေးလိုလားသော ကျောင်းသားများအတွက် စက်ဘီး ၁၉ စီးလှူဒါန်းခဲ့သလို တောင်ကုတ်မြို့နယ်ရှိ သလိန်ပြင်ကျေးရွာမှ ပညာရေးလိုလားသောကလေးများအတွက် စက်ဘီးအရေအတွက် ၂၀ စီးအားလှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်းပြင် သံတွဲမြို့နယ်ရှိ ငကျော်တောင်ရပ်ကွက်၊ အ.လ.က(၂)စာသင်ကျောင်းမှ ပညာရေး လိုလားသော ကလေးများအတွက် စက်ဘီးအရေအတွက် ၁၈ စီး၊ ဂွမြို့နယ်ရှိ ကျိန္တလီကျေးရွာမှ ပညာရေးလိုလားသော ကလေးများအတွက် စက်ဘီးများအားလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါစက်ဘီးများကို ကျောင်းနှင့် ၃ မိုင်ခန့်ဝေးသည့်ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရလွယ်ကူစေရန် ကျောင်းသားတစ်ဦးလျှင် စက်ဘီးတစ်စီးနှုန်းဖြင့် အောက်တိုဘာ ၁၆ ရက်မှစတင်ကာ  နိုဝင်ဘာ ၂၁ ရက်နေ့ထိ သွားရောက် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု We Love Rakhine အဖွဲ့မှ သိရသည်။

လှူဒါန်းပေးရာတွင် ဒေသခံကျေးရွာများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ကာ ပေးသင့် ပေးထိုက်သူများနှင့် စစ်ပွဲအတွင်း မိဘများမရှိတော့သည့် ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး၍ လှူဒါန်းခဲ့သည်ဟု ဦးတင်ငြိမ်းဦးက ဆိုသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...