ရတနာနှင်းဆီ အဆင့်မြင့်အိမ်ယာကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း

ရတနာနှင်းဆီ အဆင့်မြင့်အိမ်ယာကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းမကြီးပေါ်ရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ယာကို ယနေ့ နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၃ နာရီတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း ရှာဖွေကြောင်း အိမ်ယာဝင်းအတွင်း နေထိုင်သူ တစ်ဦးက မဇ္စျိမ ကို ပြောသည်။

"အင်အားတော်တော် များပါတယ်။ Double Cap ကိုးစီး၊ ရဲကားအကြီး နှစ်စီးနဲ့ပေါ့၊ စစ်သားများတယ်၊ ရဲနဲတယ်။ အခန်းတစ်ခန်းထဲတော့ ဝင်သွားတယ်။ လူလာရှာတာ ဖြစ်နိုင်တယ်"ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားများနှင့် ရဲများအားလုံး ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ဖြစ်စဉ်တွင် တစ်ဦးတစ်ယောက် အဖမ်းခံရခြင်း ရှိ၊ မရှိ ကိုမူ မဇ္ဈိမက စုံစမ်းနေဆဲ ဖြစ်သည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...