ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် CDM စစ်သား ၃၀ ဦး အထိရှိလာ

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် CDM စစ်သား ၃၀ ဦး အထိရှိလာ

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်၍ စစ်ကောင်စီကို စွန့်ကာ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံ ပူးပေါင်းလာသော စစ်သား ဦးရေ ၃၀ အထိ ရှိလာကြောင်း အဆိုပါအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က မဇ္စျိမကို ပြောသည်။

၎င်းတို့သည် စက်တင်ဘာလမှ နိုဝင်ဘာလ ၁၆ ရက်အတွင်း ပူးပေါင်းလာသူများ ဖြစ်ပြီး ဗိုလ်ကြီးအဆင့်၊ တပ်ကြပ်အဆင့်၊ ဒုတပ်ကြပ် အဆင့်နှင့် ရဲဘော်အဆင့်များ ပါဝင်ကာ ဗိဿနိုး နယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် အတူ တော်လှန်ရေးအတွက် တိုက်ပွဲဝင်ကြရန် လုပ်ဆောင်နေသူများလည်းရှိကြောင်း ဗိုလ်ထန်ထွဋ်က ပြောသည်။

" ပူးပေါင်းလာတဲ့ တပ်ရင်းတွေကတော့ လုံခြုံရေးအရ ပြောပြလို့ အဆင်မပြေလို့ ပါခင်ဗျာ။ အခုဆို ပူးပေါင်းလာတဲ့ လူတွေရဲ့ မိသားစုတွေ အတွက်ပါ စားဝတ်နေရေး ဖြေရှင်းနေရတဲ့အတွက် ခုရက်ပိုင်း စစ်ဆင်ရေးတွေ ဆိုင်းငံ့ထားနေရပါတယ်။ တချို့ကတော့ ကျွန်တော်တို့ရဲ့ ဗိဿနိုး လွတ်မြောက်နယ်မြေမှာ နေကြပြီး တချို့ကတော့ သူတို့ လုံခြုံစိတ်ချ သွားချင်တဲ့နေရာကို အတက်နိုင်ဆုံး ပို့ဆောင်ပေးပါတယ်။ အခုဆို တပ်ပြေးတွေ များလာမှာကြောက်လို့ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်တော့မယ်လို့ အတွင်း သတင်း ရနေပါတယ်" ဟု ၎င်းကဆိုသည်။

CDM စစ်သားများကို စိစစ် ကယ်ထုတ်ပေးသည့် အပိုင်းနှင့် ပတ်သက်ပြီး လုံခြုံရေးအရ ပြောပြ၍ မရဟု ၎င်းက ပြောသည်။

စစ်ကောင်စီ တပ်သားများ အနေဖြင့် စစ်အုပ်စုကို ကာကွယ်နေမည့်အစား ပြည်သူ့ရင်ခွင်သို့ ခိုလှုံနိုင်ကြရန် နီးစပ်ရာရှိ ယုံကြည်ရသည့် PDF အဖွဲ့များက ၎င်းတို့ကို ကြိုဆိုလျက် ရှိသည်ဟု ၎င်းကဆိုသည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG) ၏ အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တော်လှန်ရေး လုပ်ငန်းများကို NUG နှင့် ချိတ်ဆက်ကာ လုပ်ဆောင်နေသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...