စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူကို KDF ဖမ်းဆီး

စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူကို KDF ဖမ်းဆီး

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ နေတဲ့ ဒလန်တစ်ဦးကို ဖမ်းဆီးလိုက်ပြီး Karenni State Police (KSP) ကို အပ်နှံလိုက်တယ်လို့ Karenni Democratic Front ( KDF ) က ယမန်နေ့ နိုဝင်ဘာလ ၁၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူဟာ PDF တွေရဲ့ နာမည်စာရင်းကို စစ်ကောင်စီကို ပေးပို့နေတာရှိနေတယ်လို့ KDF က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

” သပိတ်ကာလတုန်းက သူတို့တွေက သပိတ်တွေနဲ့ လိုက်နေတဲ့ ဆန္ဒပြသမားတွေကို နောက်ကနေလိုက်ပြီးတော့မှ နာမည်စာရင်းကောက်တာတွေရှိတယ်။ နာမည်စာရင်းကောက်ပြီးတော့မှ ဒကစတို့ ရဲစခန်းတို့ကို လိုက်ပြီးတော့မှ စာရင်းပိုပေးတယ်။ ရပ်ကွက်ထဲက စာရင်းပို့တဲ့လူတွေစာရင်းကို အခု PDF ရယ်လို့ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့က သင်တန်းသွားတဲ့သူတွေအကုန်လုံးကို စာရင်းပို့ပေးတယ်။ ပြီးတော့ သူ့ကြောင့် ပြေးရတဲ့သူတွေရှိတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် သူ့ကြောင့်သေတဲ့လူတွေလည်း ရှိတယ်။”

စစ်ကောင်စီကို သတင်းပေးနေတာတွေရပ်တန့်ဖို့ သတိပေးခဲ့ပေမယ့် မရပ်တန့်တဲ့အတွက် ဒေါဥခူရပ်ကွက်က နေအိမ်မှာရှိနေချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ ည၉နာရီအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

KDF တပ်ဖွဲ့အနေနဲ့ အခုလို မြို့ပြပြောက်ကျားပုံစံနဲ့ ဒလန်တွေကို ဖမ်းဆီးတာ ၅ ယောက်ရှိသွားပြီလို့ သိရပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...