ကလေးမြို့ လေဆိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကလေးမြို့ လေဆိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ လေဆိပ်တွင် ယနေ့ နိုဝင်ဘာလ ၁၇ ရက် နေ့လယ် ၁၁ နာရီ မိနစ် ၃၀ က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ PDF က ပြောသည်။

ပေါက်ကွဲမှုမှာ ကလေးလေဆိပ်အတွင်း ပြေးလမ်းအနီးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည့် အဖွဲ့က မဇ္ဈိမကို အတည်ပြုသည်။

“နေ့လယ် ၁၁ နာရီခွဲလောက်က ပေါက်တာပါ။ အသံကတော့ တော်တော်ကျယ်တယ်။ ကလေးမြို့ အောင်သစ္စာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းဘေး ကြံခိုင်ရေးရုံး မျက်နှာချင်းဆိုင် လေဆိပ်အနီးမှာ ပေါက်တာပါ။” ဟု ကလေးဒေသခံတစ်ဦးက ပြောသည်။

လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲမှု ပြုလုပ်သွားခြင်းဖြစ်ပြီး ဖြစ်ပွားခဲ့သည့် နေရာမှာ လေဆိပ်အဆောက်အအုံနှင့် လေယာဉ် စောင့်ကြည့် မျှော်စင်တည်ရှိရာ နေရာနှင့် မီတာ ၂၀၀ ခန့်သာ ကွာဝေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကလေးလေဆိပ်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးမြို့ မြို့လယ်ခေါင်တွင် တည်ရှိပြီး လေဆိပ်အနီးတွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် တည်ရှိကြောင်း သိရသည်။

ကလေးမြို့တွင် နိုဝင်ဘာလ ၁၆ ရက်က စတင်ကာ ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ မြို့ အနောက်ဘက် တောင်ဖီလာတောင်အနီးနှင့် တာဟန်းရပ်ကွက်တို့တွင် ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများက ပြောသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...