သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ၁၆ ဦးအား မဲ မသမာမှုဖြစ်စဉ်တွင် ပတ်သက်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က တရားစွဲ

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ၁၆ ဦးအား မဲ မသမာမှုဖြစ်စဉ်တွင် ပတ်သက်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က တရားစွဲ

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ၁၆ ဦးကို မဲမသမာမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုအရေးယူကြောင်း နိုဝင်ဘာလ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုအရေးယူထားကြောင်းသာပါရှိပြီး ယင်းကော်မရှင်၏ တာ၀န်ရှိသူ မည်သူက တရားလိုလုပ်၍ တရားစွဲဆိုထားကြောင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။

တရားစွဲဆိုခံရသူများတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟောင်း ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဟောင်း ဦးမင်းသူ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ မန္တလေးတိုင်း ဝန်ကြီးဟောင်း ဒေါက်တာဇော်မြင့်မောင် နှင့် နေပြည်တော်ကောင်စီ ဥက္ကဌဟောင်း ဒေါက်တာမျိုးအောင်တို့လည်း ပါဝင်သည်။

စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထုတ်ပြန်ချက်တွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ၁၆ ဦးသည် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်း တာဝန်ပေးအပ်ရာတွင် တည်ဆဲဥပဒေများတွင် ပါရှိသည့် ပြဌာန်းချက်များကို လျော်ကန်သင့်မြတ်သော ခွင့်ပြုချက်မရှိဘဲ မရိုးမဖြောင့်သော သဘောဖြင့် ဆန့်ကျင်ခြင်းပြစ်မှုကို ကျူးလွန်ခြင်းဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့ကြသဖြင့် တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာ တရားရုံးများတွင် နိုဝင်ဘာလ ၁၅ ရက်နေ့က တရားစွဲဆို အရေးယူလျက်ရှိကြောင်း ရေးသားထားပြီး မည့်သည့်ပုဒ်မများဖြင့် တရားစွဲဆိုထားသည်ဆိုခြင်းကို ဖော်ပြထားခြင်းမရှိပေ။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိသည်ဟုဆိုကာ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်အာဏာသိမ်းယူခဲ့ပြီး လက်ရှိ နိုဝင်ဘာလတွင် အချိန်ကာလအားဖြင့် ကိုးလကျော် ကြာမြင့်ပြီဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီကအမှု ၁၁ ခုဖြင့် တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတကိုလည်း စစ်ကောင်စီက အမှုနှစ်မှုတပ်ကာ တရားစွဲဆိုထားသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...