အမေရိကန် ဂျာနယ်လစ် ဒန်နီ ဖန်စတာကို ထောင် ၁၁ နှစ်ချပြီး ၃ ရက်အကြာတွင် ပြန်လွှတ်

အမေရိကန် ဂျာနယ်လစ် ဒန်နီ ဖန်စတာကို ထောင် ၁၁ နှစ်ချပြီး ၃ ရက်အကြာတွင် ပြန်လွှတ်

စစ်ကောင်စီက ခြောက်လကျော်ကြာ ထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဒန်နီ ဖန်စတာကို ထောင် ၁၁ နှစ်ချလိုက်ပြီး သုံးရက်အကြာတွင် စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

၎င်းကို ယနေ့ နိုဝင်ဘာ ၁၅ရက်တွင် လွှတ်ပေးလိုက်ကြောင်း နှင့် ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

ဒန်နီ ဖန်စတာကို ၎င်း အကျဉ်းကျသည့် ရန်ကုန်မှ နေပြည်တော်သို့ ခေါ်ဆောင်သွားနေပြီဖြစ်ပြီး ပြည်နှင်ဒဏ်ပေးပြီး နိုင်ငံမှ နှင်ထုတ်မည်ဟု အခြား အမည်မဖော်လိုသူ အစိုးရသတင်းရင်းမြစ်တစ်ဦးကလည်း အေအက်ဖ်ပီကို ပြောသည်။

ဖန်စတာသည် ဖရွန်းတီးယားမြန်မာ သတင်းဌာနအတွက် တစ်နှစ်ခန့်ကြာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် မေလက ၎င်း၏ မိသားစုကို တွေ့ရန်အတွက် မိခင်နိုင်ငံသို့ ပြန်ရန် လုပ်ဆောင်ခဲ့စဉ် လေဆိပ်၌ ဖမ်းဆီးခံခဲ့ရသည်။

"သူ့ကို ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်လိုက်ပြီ ဆိုတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်၊ အသေးစိတ်ကိုတော့ နောက်ကျရင် ထုတ်ပြန်ပါလိမ့်မယ်" ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဖန်စတာသည် ၁၇၆ ရက်ကြာ ထိန်းသိမ်းခံထားခဲ့ရပြီး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် သဘောထားကွဲလွဲမှုများကို အားပေးထောက်ခံမှု၊ မတရားအသင်း ဆက်သွယ်မှု၊ လဝက ဥပဒေ ချိုးဖောက်မှုတိုအ့တွက် ပြီးခဲ့သည့်အပတ်ကမှ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။

အသက် ၃၇ နှစ်ရှိ ဖန်စတာသည် အကြမ်းဖက်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု စွဲချက်များဖြင့် အင်္ဂါနေ့တွင် ကြားနာစစ်ဆေးခံရရန် ရှိနေခဲ့သည်။

"သူ ပြန်လွတ်တာက သေချာပါတယ်၊ သူနဲ့တော့ အဆက်အသွယ် မရသေးပါဘူး၊ ခုထိတော့ ဘာမှ ပြောလို့ မရနိုင်သေးပါဘူး" ဟု ဖရွန်းတီးယားမြန်မာ၏ ထုတ်ဝေသူ ဦးဆန်နီဆွေက ပြောသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...