ရဲစခန်းရှေ့ ဖြတ်သွားသည့် အသက် ၁၃နှစ် အရွယ်ကလေးငယ် ပစ်ခတ်ခံရ၍ ဆေးရုံတင်ထားရ

ရဲစခန်းရှေ့ ဖြတ်သွားသည့် အသက် ၁၃နှစ် အရွယ်ကလေးငယ် ပစ်ခတ်ခံရ၍ ဆေးရုံတင်ထားရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်တွင် တောင်ညိုနယ်မြေရဲစခန်းမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက်၁၃နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ဆန်ထိမှန်ကာ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၃ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကလေးငယ်တစ်ဦးက တောင်ညိုနယ်မြေရဲစခန်းရှေ့ ဆိုင်ကယ်ဖြင့်ဖြတ်သန်းသွားလာစဉ် ရဲစခန်းထဲမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ကောင်လေးက စခန်းရှေ့ ဆိုင်ကယ်နဲ့ဖြတ်မောင်းတာကို ဘာမပြော ညာမပြောနဲ့ ပစ်ထည့်လိုက်တာ နှစ်ချက်ဗျ။ ရင်ဘက်ထိသွားတယ်။ ထိသွားတော့ ကောင်လေးကို စခန်းထဲခေါ်သွားတယ်။ ခဏနေတော့ အရေးပေါ်ကားရောက်လာပြီး ပြည်ဆေးရုံကိုပို့လိုက်ကြတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ပစ်ခတ်ခံရသူမှာ ခြောက်တန်းကျောင်းသား မောင်ပိုပိုဖြစ်ပြီး တောင်ညိုမြို့သစ် အောင်ဇေယျ (၇)လမ်းတွင် နေထိုင်သူဖြစ်ကြောင်း မဇ္ဈိမက လတ်တလော စုံစမ်းသိရှိထားသည်။

တောင်ညိုမြို့သစ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၏ တိုက်ခိုက်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည့်အတွက် တောင်ညိုနယ်မြေအတွင်းရှိ ကျေးရွာများကို စစ်တပ်မှ ပြင်းပြင်းထန်ထန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...