ရေဦးမြို့နယ်၊ ‌ညောင်လည်ရွာအနီး စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်များကို မီးရှို့နေ

ရေဦးမြို့နယ်၊ ‌ညောင်လည်ရွာအနီး စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်များကို မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ညောင်လည်ရွာ၌ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီ ခြေလျင်တပ်ကို ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီတွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အနည်းဆုံး ငါးဦး သေဆုံးကြောင်း YE-U Urban Guerrilla (YUG) အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအပြီး စစ်ကောင်စီက ညောင်လည်ရွာတွင် မီးရှို့နေပြီး ယင်းကျေးရွာနှင့် အနီးအနားရှိ ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယ‌နေ့ နေ့လယ် ၁ နာရီခန့်အထိ ကျေးရွာအတွင်း ရှိနေသေး၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း ဆိုသည်။

" မိုင်းခွဲပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့တွေ ပြန်ဆုတ်ချိန်မှာ ရွာထဲကို လက်နက်ကြီးနဲ့ ရမ်းပစ်ပြီး လူနေအိမ်တွေ မီး တင်ရှို့တာပါဗျ။ ခြေလျင်တပ်တွေဗျ။ စုစုပေါင်း အင်အားက ၁၅၀ ဝန်းကျင်ပါ။ စစ်ကြောင်း သုံးခု ခွဲလိုက် ပြန်စုလိုက်နဲ့ လုပ်နေတာပါ " ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

၎င်းစစ်ကြောင်းသည် စစ်ကိုင်းတိုင်းအတွင်း ဒီပဲယင်းမြို့မှ ရေဦးမြို့ အနောက်ဘက်ခြမ်းသို့ ချီတက်လာခြင်း ဖြစ်ပြီး လမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"ဒီပဲယင်းဘက်ကနေ ရေဦး အနောက်ခြမ်းဘက် တောနင်းနေချိန်မှာ ဖြစ်တာပါ။ ပြေးနေရတဲ့ ရွာက ၁၀ ရွာလောက် ရှိမယ်ဗျ။ ညောင်လည်အုပ်စု၊ ညောင်နီကန်အုပ်စု၊ ရေမျက်အုပ်စု အခု လောလောဆယ်တော့ အဲဒီရွာတွေပဲ သိသေးတယ်" ဟု YUG အဖွဲ့ဝင်က ပြောသည်။

တိုက်ခိုက်မှုကို ရေဦးမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) နှင့် ဝေဟင်စွန်ရဲ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...