စစ်ကား၂ စီးကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရဟု CDF-ပလက်၀ ထုတ်ပြန်

စစ်ကား၂ စီးကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရဟု CDF-ပလက်၀ ထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီမြို့မှ ဆမီးမြို့သို့ စစ်အင်အား ဖြည့်တင်းရန် နိုဝင်ဘာလ ၉ ရက်နေ့က ထွက်ခွာလာသည့် စစ်ကားနှစ်စီးကို မတူပီ-ပလက်ဝ လမ်းမကြီးပေါ်ရှိ ကန်တောင်-ပေါက်စဉ် ကျေးရွာတစ်လျှောက်တွင် CDF-ပလက်ဝအဖွဲ့မှ သုံးရက်တိုင်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၁ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု CDF-ပလက်၀ အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စစ်အင်အား ၆၀ နီးပါး ပါရှိသည့် စစ်ကားနှစ်စီးကို ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ အနီးကပ် တိုက်ခိုက်ခြင်းနှင့် ကြားဖြတ်ချုံခို တိုက်ခိုက်ခြင်း နည်းမျိုးစုံဖြင့် စစ်ကောင်စီတပ်များကို CDF-ပလက်ဝမှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ က ထုတ်ပြန်ထားသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၉ ရက် ပထမနေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကြောင်း၊ နိုဝင်ဘာလ ၁၀ရက် ဒုတိယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကြောင်း၊ နိုဝင်ဘာလ ၁၁ရက် တတိယနေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတူပီ-ဆမီး ကားလမ်းသည် မိုင်ပေါင်း ၁၀၀ကျော်သာ ကွာဝေးပြီး ကားဖြင့် သွားမည်ဆိုပါက ပုံမှန်အားဖြင့် ၅ နာရီ ခရီးသာကြာမြင့်သော်လည်း စစ်ကောင်စီတပ်မှ သုံးရက်တိုင်တိုင် သွားခဲ့ရဟုလည်း သိရသည်။

လက်ရှိ ဆမီးမြို့တွင် ဗျူဟာမှူးကိုယ်တိုင်ထိုင်ပြီး ပလက်ဝ-ဆမီးကားလမ်းမနှင့် ဆမီး-မတူပီကားလမ်းမများပေါ်ရှိ ရွာများကို ထိန်းချုပ်ထားသည်ဟုလည်း သိရသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...